အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ

Start from the beginning
                                    

ကားပေါ်သို့ ရောက်သည်နှုင့် သူမရဲ့ ပါးပေါ်သို့ ပူနွေးသော မျက်ရည်များက တောက်လျှောက်စီးလာပြီး အနည်းငယ် ပူလောင်နေသည်။

Tanyaက လွန်ခဲ့တဲ့ ၅နှစ်လောက်ကတော့ ကိုင်တွယ်ဖို့ အဆင်ပြေလွယ်ကူခဲ့ပေမဲ့ အခုတော့ အရင်၅နှစ်ကလို ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ သူမ ထင်ထားတာ သူ့ကို ကိုင်တွယ်ဖို့ အလွန်ခက်ခဲလှသည်။

ဒါဆို သူငယ်တန်းကျောင်းမှာ နေ့တိုင်း Mia ကို တွေ့ခွင့်ရဖို့ပဲ ခွင့်ပြုထားရမှာလား။

လုံးဝမဖြစ်နိုင်ဘူး!

ထိုအကြောင်းကို ခဏလောက်စဉ်းစားပြီးတဲ့အခါ Hillaryက ရုတ်တရက် မျက်လုံးပြူးသွားတယ်။

-

သူငယ်တန်းကျောင်းတွင်၊ Tanya က Pete ကို စာသင်ခန်းသို့ ပို့ပြီးနောက် အကစတူဒီယိုသို့ တန်းသွားခဲ့သည်။

သူမသည် မူလက အမေရိကန်သို့ ပြန်ရောက်သောအခါ တီဗီအစီအစဉ်တစ်ခုအတွက် ရိုက်ကူးရန် အစီအစဉ်ရှိခဲ့သည်။ သို့သော်၊ သူငယ်တန်းကျောင်းမှ သူမအား ဆက်သွယ်ခဲ့ပြီး Whitney Lowe သည် ထိုနေရာတွင် အကကို ဆက်လက်မသင်ကြားနိုင်တော့ကြောင်း ပြောကြားသဖြင့် ကျောင်းတွင် အကဆရာမလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။

သူမက ဒီအခွင့်အရေးကို ယူနိုင်ပါက Cherryနှင့် အချိန်ပိုရနိုင်မည်ဟု Tanya က ထိုအချိန်က တွေးခဲ့တာကြောင့် သူမ သဘောတူလိုက်သည်။

သို့သော်လည်း သူမသည် အမေရိကန်တွင် နေချင်သော်လဲ ထိုနေရာတွင် တစ်လသာ အလုပ်လုပ်ရသည်။

အကြောင်းကတော့ သူ့ကလေးက နိုင်ငံရပ်ခြားမှာ ပျောက်ဆုံးနေတာကြောင့် သူ့ကလေးကို ဆက်လက်ရှာဖွေဖို့ ပြန်သွားချင်ခဲ့တာပါ။

သူမ ဒီအချိန်အတွင်း Joelနဲ့ တွေ့ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး...

သူမ သက်ပြင်းသာ ချလိုက်သည်။

ထိုအချိန်တွင် ဆရာအနည်း ငယ်ရောက်လာပြီး "ဆရာမ Turner၊ နင်တော့ သွားပြီ"

Tanya အံ့သြသွားသည်။ "ဘာကိုလဲ?"

"နင် အခုနက စော်ကားခဲ့တဲ့ အမျိုးသမီးက Mrs.Smithလေ။ သူမကို အခုပဲ ကျောင်းအုပ်ကြီးဆီ သွားတွေ့တယ်။ သူငယ်တန်းကျောင်းကနေ နင့်ကို အလုပ်ထုတ်တော့မှာဘဲ!"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now