"အင် ... မိုက်တာတော့မိုက်တာဗျာ ရင်ခုန်သွားသလိုတောင်ခံစားရတာလဲတစ်ပိုင်းပေမဲ့ နည်းနည်း ... ဘယ်လိုပြောမလဲ ... တွေ့နေကျ ကိုလင်းမဟုတ်ပဲ တခြားတစ်ယောက်ဖြစ်သွားသလို ... နည်းနည်းစိမ်းတယ်ပေါ့ဗျာ အဲ့လို‌ပြောချင်တာပါ"

"အစ်ကို ... သတိမထားလိုက်ဘူး။ အာရွန့်လက်မှာ သွေးတွေတွေ့လိုက်တာ အဲ့တာကြောင့် ရုတ်တရက် လန့်တာရော၊ စိတ်ပူတာရောပေါင်းသွားပြီး အဲ့လို overreact လုပ်မိသွားတယ်ထင်တာပဲ.....
နောက်ကို အစ်ကို သတိထားပါ့မယ်"

"ဪ ရပါတယ် အေးဆေး ... ကျွန်တော်က ကိုကို့မေတ္တာတွေနဲ့ လုံခြုံပြီးသား ဟဲဟဲ"

" ဘာကြည့်တာလဲ .... သီခလေးရော မေတ္တာတွေပေးချင်သွားလို့လား"

"အမယ်လေးလေး နေပါစေဗျာ ... မေတ္တာတွေပိုနေရင် ကျွန်တော့်ပပဝတီပဲ ပေးလိုက်မယ်! ကျေးဇူး! "

"ဟ အတော်စိမ်းကားတဲ့ယောက်ျား!"

ရွှတ်နောက်နောက်အာရွန်နှင့် ရိုးသားပွင့်လင်းသောသီခတို့စကားဝိုင်းမှာ အမြဲလိုလိုပင် စိတ်ဝင်စားစရာဖြစ်၏။ လင်းမှာ စိတ်ညစ်ညစ်ကြားကကို ရယ်မိရတော့သည်။

"အစ်ကိုက သီခကိုလည်း အားနာနေတာ ... နာတာရော သက်သာရဲ့လား"

"အင်း ရပါတယ်။ ကျွန်တော်က ဘာမှမဖြစ်ဘူး ... သူများကိုထိမိပြီး အမှုတွေပိုကြီးကုန်မှာပဲ စိုးတာရယ်"

"အင်းပါ နောက်မဖြစ်စေရဘူးနော် ... "

လင်းက သီခခေါင်းကို အသာပုတ်ကာ ဆိုသည့်အခါ အာရွန်ကပါ သီခဆံပင်ကို ပွတ်သပ်လိုက်ရင်းဆို၏။

"ကိုလင်း ... ကျွန်တော်ပြောမယ်။ လူဆိုတာ အားနာတဲ့ခံစားမှုကို ဖော်ပြချင်တဲ့အခါ လက်ချည်းဗလာထက် ကြားခံပစ္စည်းတစ်ခုခုကို သုံးပြီး ဖော်ပြတာ ပိုထိရောက်တယ်ဗျ။ အဲ .... မုန့်ဝယ်ကျွေးတယ်ဆိုတာမျိုးရဲ့ အခန်းကဏ္ဍက ဒီမှာ စအရေးပါလာတာပဲ"

"ဆင်ဖြူတော်မှီ ကြံစုပ်ချင်နေသေးတယ် ... စားပါလား ခုနက မေတ္တာတွေပဲ"

"မေတ္တာက မေတ္တာ မုန့်ကမုန့်လေကွာ ... မေတ္တာက ဗိုက်ဝမဝသိချင်ရင် ခ,လေးကို ကိုယ့်မေတ္တာတွေ ပေးကြည့်‌မယ်လေ စမ်းကြည့်ပါလား"

VNITY : The First StepWhere stories live. Discover now