part 1

5.6K 384 4
                                    

TV ရှိုးတစ်ခုတွင်ဖြစ်သည်။

" ယခုလာမယ့်ဧည့်သည်ကတော့
ချစ်သက်မင်းမောင်ဖြစ်ပါတယ်"

*wow ဖြောင်းဖြောင်းဖြောင်း*

*arrrr လှလိုက်တာ လှလိုက်တာ *

* ငါ ဖျက်ဖောက်ချုပ်လုပ်ချင်သွားပြီး အားး
အရမ်းလှတာဘဲ*

*အမလေး သူ့ဆံပင်လေးသာဖြစ်လိုက်ချင်
တယ်*

စင်ပေါ်တက်လာသည့်ချစ်သက်မင်းမောင်က
အဖြူရောင်အင်္ကျီအပွကိုညှပ်ရိုးပေါ်အောင်
ဝတ်ထားပြီး ဆံပင်ရှည်များအားတစ်ဝက်စီး
ကာဖယိုဖယဲပုံစံလေးကြောင့် အိပ်ယာနိုးကာစ
ကလေးပေါက်စလေးလိုချစ်ရာကောင်းပြီးလှပ
နေသည်။

" Hello အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်"

အစီစဉ်တင်ဆက်သူမှ

" ချစ်သက် လေးလဲရောက်ပြီးဆိုတော့အမေး
ဖြေလေးတွေစလိုက်တော့မလား"

" ကောင်းပါပြီး"

" ပထမဆုံးပရိတ်သတ်မေးထားတဲ့
မေးခွန်းလေးကတော့ ချစ်သက်ရဲ့မိသားစု
အကြောင်းပါ "

"ဟုတ်ကဲ့ "

" မိသားစုနောက်ခံကိုဖုံးကွယ်ထားတာက
ပြဿ      နာရှိလို့လား ကောလဟာလထဲကလို
အမျိုးသားနှစ်ယောက်ကမွေးဖွားလာတာလား"

" အမှန်ပါဘဲ ဖုံးကွယ်ထားတာမဟုတ်ရပါဘူး
စကားမကြုံမိလို့မပြောဖြစ်ရုံပါ"

ချစ်သက်အဖြေကြောင့် လှုပ်လှုပ်ရွရွဖြစ်
ကုန်သည်။မိသားစုနောက်ခံတောင့်တင်းမှန်း
သိထားပေမယ့်ဘယ်သူကမှအတိကျမသိ
ဘဲကောလဟာလတွေသာလူတွေကလုပ်ပြော
နေကြပြီးယခုလို ချစ်သက်ရဲ့ပထမဆုံးအမေး
ဖြေအစီစဉ်မှာတော့သိချင်စမျှကိုစာတွေနဲ့ရေး
ကာမေးထားကြခြင်းဖြစ်သည်။

" ဒုတိယ တစ်ယောက်မေးထားတာကတော့
ချစ်သက်မှာ မောင်နှမရှိပါသလားတဲ့"

" ခ်ခ် ချစ်သက်မှာညီလေးတစ်ယောက်ရှိပါ
တယ် သူကတော့ချစ်သက်ထက် ၁၃နှစ်ငယ်
ပါတယ် လောလောဆယ်တော့ပါးပါးရဲ့ရွာကို
အကုန်ရောက်နေကြတယ်လေ ကြုံရင်မိတ်
ဆက်ပေးမှာပါ"

" ဟုတ်ပါပြီ နောက်တစ်ယောက်ကတော့
အားလုံးသိချင်ကြတဲ့မေးခွန်းကိုမေးထားပါတယ်
ချစ်သက်မှာ ချစ်သူရည်းစားရှိနေပြီးလားတဲ့
ဖြေပေးပါအုံး"

ထာဝရထက်တစ်ရက်ပိုသည် / ထာဝရထက်တစ်ရက်ပိုသည် (Completed) Where stories live. Discover now