ဂီတခန်းရှေ့ရောက်တော့ ညီညီ့မှာမျက်လုံးပြူးလျက်။ ကိုယ့်အခန်းကလူတွေမှ ရှိမနေပဲ။ တခြားအတန်းတွေဖြစ်ဟန်တူသည့်သူများသာ စုရုံးနေကြသည်။ ကြည့်ရတာ အကတိုက်ဖို့ထင်သည်။ ဒီနေ့ ဒီအခန်းမှာသင်မယ်လို့ပြောထားတာ အကတိုက်တွေကြောင့်မသင်တော့တာနေမည်ဟု တွေးမိသည်။ ဟင်း အလကားသက်သက် နှစ်ခေါက်မောရပြီ။ ညီညီ့ပုံက ကျောင်းထဲမှာအလကားပတ်နေတဲ့သူလိုပင်ဖြစ်နေတော့၏။
"တင် တင်"
အတန်းဆီခြေဦးလှည့်စဥ်မှာပင် အချိန်ပြောင်းခေါင်းလောင်းထိုးလေသည်။ ဂီတချိန်ကုန်သွားပြီပဲ။ ထို့ကြောင့်သုတ်ခြေတင်ပြေးရတော့သည်။
.......
အခန်းထဲဝင်လာပြီ။ ဆရာမ ရောက်မလာသေးတဲ့အပြင် တစ်တန်းလုံးပွက်လောရိုက်နေသည်။ ညီညီဝင်လာမှ အသံတွေစဲသွားကာ အကြည့်စိမ်းစိမ်းတွေနဲ့ ကြည့်နေကြလေသည်။
"ဟေ့ ဟေ့ လာပါပြီ လာပါပြီ။ ပါလေရာငါးပိချက်လေးလာပါပြီ"
ထာဝစဥ်ရွှေ့အသံ။ ကြည့်စမ်းပါဦး မင်းသမီးတစ်ယောက်ရဲ့ပါးစပ်စည်းမစောင့်မှုကို။ သူများကို ရွဲ့ချင်စောင်းချိတ် ချိတ်ချင်စိတ် မနာလိုဝန်တိုစိတ်တအားကိုများပြီး ပရမ်းပတာကိုပြောနေတော့တာ။ ထာဝစဥ်ရွှေ့အသံကို လျစ်လျူရှု၍ ဆက်လျှောက်ပြန်ရင်း စကားသံတွေကထပ်ထွက်လာပြန်သည်။ စကားတွေက တစ်သံတည်း။
"အေ့ဟယ် တို့မှာတော့ နင်တီးတာနားထောင်ချင်လို့ကို တစ်ချိန်ကုန်သွားတယ် ဘယ်နားသွားပုန်းနေတာလဲ"
"ဟိုမှာ ကာယကံရှင်တွေတောင်ပြန်လာပြီ။ နင်ကခုမှရောက်တာ သက်နှင်းပြောသလိုဘာမှမတီးတတ်လို့မလား"
ဟိုနားကတစ်ပေါက် ဒီနားကတစ်ပေါက် ထွက်ထွက်လာကြသည်။ ဒီချိန်ဘာပြောပြော သူတို့အတွက်ဆင်ခြေဖြစ်နေမှာ။ နှုတ်ဆိတ်နေပြန်ရင်လည်း မှန်လ်ု့ငြိမ်ခံနေသလိုဖြစ်နေမှာ။ သက်နှင်းကလည်း ညီညီ့ကိုဖျော့ဖျော့လေးသာလှမ်းကြည့်နေတော့သည်။ သူဘာမှမတတ်နိုင်တော့ဘူးဆိုတဲ့သဘော။ အင်းပေါ့လေ ကိုယ့်ကိုယ်ကိုယ်သက်သေပြနိုင်မယ့်အခွင့်အရေး ကိုယ့်ကြောင့်ပဲဆုံးရှုံးသွားတာဆိုတော့ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ်ခံဦးပေါ့။
11 (Uni)
Start from the beginning