"တကယ်တော့ နည်းစနစ်အရဆို ငါက အကြီးဆုံးသား မဟုတ်ဘူး။ ငါ့ကို အကြီးဆုံးသားလို့ ခေါ်တာက ဘာလို့လဲဆိုတော့ ငါက အကြီးဆုံးသားကနေ မွေးခဲ့တာမလို့ပဲ"

"ဟမ်?"

"ငါ့မှာနောက်ထပ် အကိုတစ်ယောက်ရှိသေးတယ်။ သူက ငါ့ရဲ့ လေးယောက်မြောက် ဝမ်းကွဲလေ၊ ဒါပေမဲ့ သူက ငါ့ရဲ့ ဒုတိယဦးလေးရဲ့သားမို့ ငါ့အဖိုးက ပထမဆုံးသား(အကြီးဆုံးသား)အဖြစ် အသိအမှတ် မပြုတာ။"

"အာ..."

"အဲ့တာကြောင့်သူက ငါ့နေရာကို မျက်စိကျနေတာလေ။ အခုဆို သူက ငါ့ကိုအမြဲ စောင့်ကြည့်နေတာ၊ ငါ့မှော်စွမ်းအား နှိုးထလာတာကို သိသွားတာနဲ့ စောင့်ကြည့်တာတွေက ပိုဆိုးလာတော့မှာ။"

"ငါသိပြီ..."

ဂျန်အွန်ယောလ်က ကျွန်တော်လိမ်ပြောတာကို တကယ်ကြီး မှတ်သွားတယ်။ သူက တီဗီဇာတ်လမ်းတွဲထဲမှာ မကြာခဏ မြင်ဖူးတယ်ဆိုတဲ့အပြင် ပြောလိုက်သေးတယ်၊ "အမွေဆက်ခံသူတွေ တိုက်ခိုက်ကြတာမလား?"တဲ့လေ။ ကျွန်တော်နည်းနည်းတော့ စိတ်မသန့်ပေမဲ့လည်း ခေါင်းငြိမ့်ပြလိုက်တယ်။

"အချိန်ကျလာရင် သုံးရအောင်လို့ မင်းမှော်စွမ်းအား နှိုးထလာတာကို ဝှက်ဖဲ လုပ်ချင်တာမလား?"

"...ဟုတ်တယ်"

"အံ့ဩစရာကြီး...။ မင်းက တကယ်ပဲ ရီဂျွန်းပြောသလို ရှေ့ရေးကို ကြိုတွေးတတ်တာပဲ။"

ဂျန်အွန်ယောလ် မျက်လုံးတွေက တဖိတ်ဖိတ် တောက်ပနေတာပဲ။ သူက ကျွန်တော့်ကို လူကောင်းလူတော်တစ်ယောက်လို ကြည့်နေတော့ နေရခက်လာတယ်။

"အင်း၊ ဘာမှထွေထူးမဟုတ်ပါဘူး။ ငါတစ်ယောက်တည်းသာဆို ဒီမှော်စွမ်းအားလည်း သုံးမရဘူးလေ..."

တစ်ယောက်ယောက်ရဲ့ မှော်စွမ်းအားကို ငှားသုံးရတာမလို့ မှော်စွမ်းအားရှင်တွေသာ ဘေးမှာ ရှိမနေရင် သုံးမရဘူးလေ။ ချေး‌ငှားထည့်ရတဲ့ မှော်စွမ်းအားအကန့်တွေကို ကြိုဖြည့်ထားလို့ရပေမဲ့ လောလောဆည်တော့ ဘာမှမရှိနေဘူး။

ဂူထဲမှာတုန်းက ကျွန်တော် ဂျန်အွန်ယောလ်ရဲ့ မှော်စွမ်းအားကိုပါ ငှားသုံးမိတော့မလို့၊ ဂွမ်ဂျယ်ဟော့ ပေါ်လာလို့သာ ပျက်သွားတာ။

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)Where stories live. Discover now