အခန်း◀၂၃▶

Start from the beginning
                                    

ဘွားထိုင်နေတဲ့ခြေရင်းမှာဒူးထောက်ပြီးတော့တောင် တောင်းပန်တိုးလျိုးခဲ့တာပါ။ဘွားကချမ်းကို တခါမှမမြင်ဖူးတဲ့ ခပ်စိမ်းစိမ်းမျက်လုံးတွေနဲ့သာကြည့်ပြီး။

" အဆူမခံ အပြောမခံချင်ရင် အပြောခံလွတ်အောင်နေရတယ်.... မင်းကပြောပါဆိုရင်တောင် ငါကမပြောရဲပါဘူး ချမ်းမွန်ရဲ့.... ငါ့သိက္ခာ..မင်းအဖေအမေတွေသိက္ခာတွေ နေ့ချင်းညချင်း မြောင်းထဲရောက်သွားမှာပေါ့...ဒီလိုလူသိခံဝံ့စရာမရှိတဲ့အလုပ်ကိုလုပ်ထားပြီး...ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်နေသေးလား" တဲ့...

ချမ်းပြန်မဖြေပဲနှုတ်ပိတ်နေခဲ့သည်။မှန်သလားဆိုတော့လည်းမဟုတ်ပေမယ့်...

မှားတယ်လို့တော့လည်း တကယ်ပဲမထင်ပြန်ပေ။ကိုကိုဟာ မချစ်သင့်တဲ့လူမျိုးမဟုတ်တာ ဘွားလည်းအသိပါပဲ။ ဘွားကိုယ်တိုင်ပဲ လိမ္မာသော ယဉ်ကျေးသော တော်သော  အားကိုးလို့ရသောမြေးတစ်ယောက်လို့သတ်မှတ်ထားတာမဟုတ်လား။ချမ်း သာ ယောကျာ်းလေးတစ်ယောက်မဖြစ်နေခဲ့ဘူးဆိုရင် ကိုကို့ကိုချစ်မိတာဟာ မှားတယ်လို့ ဘွားယူဆမှာမဟုတ်ဘူးပဲမဟုတ်လား။

" မင်းကိုငါဒီလိုဖြစ်အောင်မွေးခဲ့သလား ချမ်း.... ငါ့တသက်လုံးဒီမြေးတစ်ယောက်ကို ရှိသမျှအကုန်ပုံပြီး ချစ်ခဲ့တာ... မင်းအဖေကိုမွေးတုန်းကထက်တောင် ဖူးဖူးမှုတ်ပြီး အလိုလိုက်အကြိုက်ဆောင်ခဲ့တာ ... ဒီလိုအသိဉာဏ်ကင်းမဲ့တဲ့လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့  အိပ်မက်တောင်မမက်ဖူးဘူး..... ကြိုက်စရာလူများ ရှားလို့လား... ဟင်... ဒီတစ်မြို့လုံး... ဒီတစ်နိုင်ငံလုံး မင်းကသာလိုချင်တယ်ဆိုရင်... ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ မိသားစုကမိန်းကလေးဖြစ်ဖြစ် ရွှေနဲ့ပါစက်ချိန်ပြီး ငါရအောင်တောင်းပေးနိုင်ပါတယ် ချမ်းမွန်ရဲ့....အခုတော့ ငါ့ကို သေအောင်သတ်မလို့လား..."

တခြားလူတွေကြားမှာစိုးတာမို့ ကျယ်ကျယ်လည်းမပြောရဲ... တိုးတိုးကျိတ်ကျိတ် အသံမာမာနဲ့ပြောရင်းက ချမ်းပခုံးကို လှုပ်ယမ်းကိုင်ဆောင့်နေလျင် ... ဘွားဒေါသအရမ်းကြီးကာ တစ်ခုခု ဖြစ်သွားမှာကိုလည်းစိုး ... ခေါင်းတွေလည်းမူးဝေကာ.... ခေါင်းငိုက်စိုက်ချလျက် စိတ်ဆင်းရဲပင်ပန်းစွာ ငြိမ်ခံနေခဲ့ရသည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now