အသက်ထွက်တော့မလို့အရေးတကြီးခေါ်ဆိုနေသောဖုန်းကရှိပြန်တော့သမ်းဝေရင်းထိုဖုန်းကိုကောက်ကိုင်လိုက်သည်။
"Kim Tae Hyung ငါဖုန်းခေါ်နေတာကိုသေလို့မကိုင်တာလား"
မင်ဟိုရဲ့ဖုန်းမှန်းသိရင်နားနဲ့အနေအထားအနည်းငယ်ခွာလိုက်ကာ ဟိုမအေပေးရဲ့ဆဲဆိုသံတွေကိုလစ်လျူရှု့ထားလိုက်တယ်
"ဟျောင့်Kim Taehyung မင်းအလုပ်လဲရသွားကောငါ့ကိုတောင်ဖုန်းဆက်ဖော်မရတော့ဘူးနော်Fake friendတွေဖိတ်ဖရန့်တွေ"
"မဟုတ်ပါဘူးကွာ ငါအပြင်ထွက်လို့မရလို့ပါ"
"ငါသိပါတယ်မင်းတို့တွေငါကိုတကယ်မခင်ဘူးဖိတ်ဖရန့် "
"မဟုတ်ပါဘူး မင်းကလဲငါတကယ်အပြင်ထွက်မရလို့ပါဆိုပြောပြလဲယုံမှာမဟုတ်ဘဲနဲ့ "
"ယုံကြည်လောက်တဲ့အကြောင်းအရင်းဆိုယုံချင်ယုံမှာပေါ့ အခုဟာကတစ်ဝိုင်းမကျွေးချင်လို့ရှောင်နေတာအသိအသာကြီးဘဲကို"
အော်..ငါ့ကိုကျဖိတ်ဖရန့်တဲ့ဒင်းကျတော့မြိုစို့ခါနီးကျမှသတိရတယ်တရားလိုက်တာများ
" အင်းအင်းကျွေးမယ်ကွာကျွေးရင်ပြီးရောမလား"
စိတ်ရှုပ်ရှုပ်နဲ့ဖုန်းကိုချလိုက်ပြီးဆံပင်ဆွဲဖွရင်ပြန်အိပ်မယ်လုပ်တော့ မျက်လုံးထဲတွင်ရုပ်ရှင်သဖွယ် အနှေးကွက်ပြကာပြန်မြင် လာတဲ့ထိုအိမ်မက်
အားရှ်... ငါ့မျက်လုံးထဲ ကနေအခုချက်ချင်းထွက်သွားစမ်းပေါက်လို့ပဲစားလေး
ဘယ်လိုမှအိပ်မရတော့တဲ့အဆုံးထမည်လုပ်တော့သူ့ဘေးမှာဘေးတစ်စောင်းလေး အနေအထားနဲ့ထိုင်ကြည့်နေတဲ့ထိုကလေး
ချီးလန့်သွားတာဘဲငါကသူ့ကိုအိပ်နေတယ်လို့ထင်နေတာ။
"ခုနဘယ်သူနဲ့ပြောနေတာလဲ"
" ဟို..သူ..သူငယ်ချင်းနဲ့ပါ"
အရင်လိုချစ်စရာကောင်းတဲ့ကောင်လေးအစားအရှိန်အဝါတစ်ခုကလွှမ်းမိုးနေပြန်သလိုခံစားရပြန်ရင်ပြောမယ့်စကားတွေတောင်ထစ်ကုန်သည်။
သူကအသဲနုတယ်လို့ပြောခဲ့သားဘဲ
" အော်..."