အခန်း ၁၀၃။ ဇနီးလေး... မင်းလေးက လေးစားဖို့ကောင်းလိုက်တာကွာ
4K 466 4
အကယ်၍ စာဖတ်သူတွေထဲမှာ ၁၈နှစ်မပြည့်သေးသူရှိပါက ဒီအခန်းကို လုံး၀(လုံး၀)မဖတ်ဖို့ မေတ္တာရပ်ခံပါတယ်။ ပြင်းထန်တဲ့အသုံးအနှုန်းတွေမပါပေမဲ့ ဒီကလေပြည်လေးက ကွန့်မြူးမထားဘဲ မျက်နှာပူပူနဲ့ Eng ကအတိုင်း ကွက်စတိပြန်ထားတာမို့ ဖြစ်နိုင်ရင် မဖတ်ပါနဲ့နော်။ အောင်မယ်လေး။ ဒီအခန်းပြန်ရတာ အိုင်လေးတစ်ကယ်ရှက်....။
------------
အခန်း ၁၀၃။ ဇနီးလေး... မင်းလေးက လေးစားဖို့ကောင်းလိုက်တာကွာ
နေ့လည်စာစားပြီးနောက် လင်ကျန်းရီနှင့် စုကျစ်ယန်တို့ အိမ်အကူအေဂျင်စီအချို့ဆီ ဆက်သွယ်နေစဉ် ကျန်းဟွားရှန်နှင့် လင်ရှောင်းထျန်းတို့နှစ်ဦးသားမှာတော့ သူတို့၏မြေးလေးများကိုကြည့်ရှုရန် သွားကြတော့သည်။
လင်ကျန်းရီတို့က အေဂျင်စီကို သားဖွားဆရာမတစ်ယောက်၊ ကလေးထိန်းတစ်ယောက်နှင့် နို့ထိန်းမိခင်တစ်ယောက် အကြံပြုထောက်ခံရန် တောင်းဆိုလေသည်။
သားဖွားဆရာမက ကလေးများကိုဂရုစိုက်ရမည်ဖြစ်ပြီး ထိုအတွက် လအလိုက် လစာပေးမှာဖြစ်သည်။ ကလေးထိန်းအတွက်ကတော့ အနှီးလျှော်ခြင်းကဲ့သို့သော အမှုကိစ္စများကို လုပ်ဆောင်ရန်အတွက် တာ၀န်ရှိသည်။ သူမကိုတော့ နာရီအလိုက် အခကြေးငွေပေးမှာဖြစ်သည်။
နို့ထိန်းမိခင်ကတော့ ကလေးနှစ်ယောက်ကို နို့တိုက်ရန်ဖြစ်ကာ သူမကိုလည်းနာရီအလိုက် အခကြေးငွေပေးမှာဖြစ်သည်။ သူမအနေဖြင့် ကလေးကိုနို့တိုက်ပြီးပါက အိမ်သို့ပြန်နိုင်သည်။
သူမသည် ကလေးမွေးပြီးကာစ နို့ထွက်ကောင်းသည့် ငယ်ရွယ်သော မိခင်တစ်ယောက်ဖြစ်ရမည်။ နို့ထိန်းမိခင်မှာ လုပ်အားခပိုမြင့်မှာဖြစ်ပြီး လင်ကျန်းရီက ဦးလေးလီကို သူမ၏အလုပ်အသွားအပြန်အတွက် ကြိုရန်၊ ပြန်ပို့ဆောင်ရန် စီစဉ်ထားသည်။
ထိုကိစ္စပြေလည်သွားတော့ ညစာစာချိန်နီးနေလေပြီ။ ညစာအတွက် ကျန်းမားမာက တာ၀န်ယူခဲ့ပြီး အားလုံးအတူတူစားသောက်ကြသည်။
လင်ကျန်းရီမှ စုကျစ်ယန်ကို မည်မျှကောင်းမွန်စွာ ဆက်ဆံပုံ၊ လင်ပါပါးနှင့် လင်မာမားတို့ စုကျစ်ယန်စကားကို မည်မျှနားထောင်ပုံကို သူမမြင်တွေ့ရသည့်အပြင် လင်ကျန်းရီမှ စုကျစ်ယန်ကို'ဇနီးလေး'ဟု ခေါ်သည့အသံကြားပြီးနောက် ကန့်ကွက်မှုတစ်စုံတစ်ရာမပြုဘဲ မမြင်သလိုဟန်ဖြင့် မကြားချင်ယောင်ဆောင်နေရုံသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ချမ်းသာတဲ့သူတွေမှာ သူတို့ရဲ့ အထူးဝါသနာပါတဲ့အရာရှိကြောင်း သူမနားလည်နိုင်ခဲ့သည်။