အခန်း ၁၀၃။ ဇနီး​လေး... မင်း​လေးက ​လေးစားဖို့​ကောင်းလိုက်​တာကွာ
Start from the beginning
ထိုကိစ္စ​ပြေလည်​သွား​တော့ ညစာစာချိန်​နီး​နေ​လေပြီ။ ညစာအတွက်​ ​ကျန်းမားမာက တာဝန်​ယူခဲ့ပြီး အားလုံးအတူတူစား​သောက်​ကြသည်​။
လင်​ကျန်းရီမှ စုကျစ်​ယန်​ကို မည်မျှ​ကောင်းမွန်စွာ ဆက်ဆံပုံ၊ လင်​ပါပါးနှင့် လင်​မာမားတို့ စုကျစ်​ယန်​စကားကို မည်​မျှနားထောင်ပုံကို သူမမြင်​​တွေ့ရသည့်​အပြင်​ လင်​ကျန်းရီမှ စုကျစ်​ယန်​ကို'ဇနီး​လေး'ဟု ခေါ်သည့အသံကြားပြီးနောက် ကန့်ကွက်မှုတစ်စုံတစ်ရာမပြုဘဲ မမြင်​သလိုဟန်​ဖြင့်​ မကြားချင်ယောင်ဆောင်နေရုံသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ချမ်းသာတဲ့သူတွေမှာ သူတို့ရဲ့ အထူးဝါသနာပါတဲ့အရာရှိ​ကြောင်း သူမနားလည်နိုင်ခဲ့သည်​။
ညစာစားပြီးသောအခါ ကျန်းမားမာသည် ပန်းကန်များကိုရှင်းလင်းပြီး အခန်းကို သန့်ရှင်းရေးလုပ်ကာ ကလေးထိန်းက အနှီးများကို လျှော်ဖွပ်နေစဉ်​ သားဖွားဆရာမက ကလေးများကို ပြုစုစောင့်ရှောက်ပေးသည်။
ကျန်းဟွားရှန်​နှင့်​ လင်​​ရှောင်​ထျန်းတို့သည် အလွန်စိတ်သက်သာရာရကြသော်လည်း တစ်ချိန်တည်းတွင် သူတို့သည် ဤအစီအစဉ်အသစ်ကို ကျင့်သားမရသောကြောင့် သူတို့၏မြေးများကို ပြုစုရန် သားဖွားဆရာမနှင့်အတူ လိုက်သွားကြသည်။
စုကျစ်​ယန်​နှင့် လင်​ကျန်းရီတို့သည်လည်း သား​တွေနှင့်အတူ ခဏ​လောက်​ကစားကြသည်။ စုကျစ်​ယန်​သည်​ လင်​ကျန်းရီနှင့်​အတူတူ အနားယူရန်အတွက်​ အခန်းထဲသို့ ပြန်မလိုက်မီ သူ၏ကင်မရာဖြင့် ဗီဒီယိုအချို့ကို ရိုက်​ကူးခဲ့သည်။
သူ့ခန္ဓာကိုယ်​အပေါ်ပိုင်းမှအင်္ကျီကို ဖယ်ရှားပြီးနောက် လင်​ကျန်းရီသည် စုကျစ်​ယန်​ထံသို့ ချဉ်းကပ်ခဲ့သည်။ သူက သူ့ကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး စုကျစ်​ယန်​ရဲ့ ပခုံးနဲ့လည်ပင်းကို နမ်းလိုက်တယ်။
လင်​ကျန်းရီက သူ့ကို ပွေ့ဖက်ရင်း ဘယ်ညာ ယိမ်းနွဲ့ကာ ရှက်​ဟန်​​ဆောင်​ရန်​ အစွမ်းကုန် ကြိုးစားသည်။
"ဇနီး​လေး ကိုယ်​တကယ်လိုချင်တယ်..."
စုကျစ်​ယန်​က မတုန်မလှုပ်ဖြင့်​ ဆရာဝန်​မှာကြာထား​သော စကားလုံးများဖြင့်​ သတိ​ပေးသည်​။