Chapter-22{I don't wanna let u go💔}

Start from the beginning
                                    

~~ဒီ မျက်ရည်တွေက မင်းရှေ့မှာမပြသင့်ဘူး...ဒီ ပျော့ညံ့လွန်းတဲ့မျက်ရည်တွေကို မင်းရှေ့မှာ မဖော်ပြရဲဘူး Taehyung~~

''ခင်ဗျား..ကျတော့်ကို မလိုအပ်ဘူးဆိုတာကျတော်မယုံဘူး...ခင်ဗျားကသာ ကျတော့်ကို လိမ်နေတာ Mr.Jungkook!"

Taehyung ပြောပြီး Jungkook နောက်ကနေ ပြေးဖက်ထားလိုက်သည်။

"Taehyung!!မင်းဘာလုပ်တာလဲ???"

"ကျတော့်ကို ဒီတစ်ကြိမ်လေးပဲဖြစ်ဖြစ်ယုံပေးလို့ရမလား???ကျတော့် ဦးလေးနဲ့ ခင်ဗျား အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကျတော်ဂရုမစိုက်ဘူး...အဲ့တာတွေက အတိတ်ကအတိတ်မှာပဲထားစေချင်တယ်...ကျတော် ခင်ဗျားကို ပျော်ပျော်ရွှင်ရွှင်လေးနေတာမြင်ချင်တယ်"

"မင်းပြောတာ ငါဘာလို့နားထောင်ပေးရမှာလဲ??မင်းအဲ့လိုပြောလိုက်တာနဲ့ ငါနဲ့ မင်းဦးလေးကြားက ရန်ငြိုးတွေကလွယ်"လေးနဲ့ပြီးသွားမယ်လို့ထင်နေတာလား??ငါ့ကိုလွှတ်!!"

"မလွှတ်ဘူး!!!ခင်ဗျား နားလည်တဲ့ထိ ပြောဦးမှာ..."

"ငါလွှတ်လို့ပြောနေတယ်လေ...ဖယ်တော့...ah!!!!!"

ရုတ်တရက်ခေါင်း မိုက်ခနဲမူးလာကာ ထိုနေရာလေးမှာတင် ရီဝေဝေနဲ့ ခွေခနဲ သတိလစ်သွားသည်။

"Jungkook!!!!!!Jungkook သတိထားဦးလေ!!!"

Taehyung တယောက် Jk ကို ဆိုဖာပေါ်ဆွဲတင်ပြီး ရေပက်တိုက်ပေးပြီး ဆေးတိုက်လိုက်သည်။

Taehyung တယောက်လည်းဆေးသောက်ပြီး Jk ကုတင်ဘေးကနေ အိပ်ဖို့ပြင်နေတဲ့အချိန်...

"Taehyung!!ကိုယ့်ကိုမထားခဲ့ပါနဲ့!!ကိုယ့်ကို မင်းကတိပေးထားတယ်လေ!မထားခဲ့ပါနဲ့ Jelba!!!"

Taehyung လက်ကိုဆွဲပြီး မျက်လုံးမဖွင့်ပြောလာတဲ့သူကြောင့် Taehyung ပြုံးကာ ရယ်လည်းရယ်ချင်လာသည်။

"မထားပါဘူး....ခင်ဗျားTaehyung ကိုလိုရင် Taehyung ဘယ်မှထွက်မပြေးပါဘူး!"

Taehyung လည်း Jk ဘေးက ဝင်အိပ်လိုက်တော့ Jk ကအလိုလို Taehyung ကို ရင်ခွင်ထဲဆွဲထည့်ကာ ဖက်ထားလိုက်သည်။

ဒီလိုနဲ့ Taehyung လည်း Jk မျက်နှာကိုမော့ကြည့်ရင်း အလိုလိုအိပ်ပျော်သွားတော့သည်။
__________________________
At yoongi & jimin side>>>>>>>>

My Boyfriend is A Psycho🔥🔥by Christine_bunny(Vkook Yaoi)Where stories live. Discover now