2022 October
မီးရောင်တို့ဖြင့် တက်ကြွနေဆဲမြို့ပြ၏အငွေ့
အသက်က ညဆယ့်တစ်နာရီကျော်တာတောင်သက်ဝင်တောက်ပနေဆဲဖြစ်သည်။နီယွန်လမ်း
မီးတိုင်တွေအောက်က လမ်းမကြီးတွေပေါ်တွင်
လည်း ကားပေါင်းစုံတို့က မီးရောင်တွေကြားတွင် ဥဒဟိုမောင်းနှင်နေကြသည်က မဆုံးနိုင်သော
မီးရောင်တန်းတွေကိုဖြစ်ပေါ်စေလာ၏။
ခေတ်မီအဆောက်အအုံမြင့်တွေကြားရှိ လမ်း
သွယ်တွေထဲတွင် လူတိုင်းက လှုပ်ရှား သွားလာ
နေကြမြဲပင်။
ညဈေးဆိုင်တန်းတွေရဲ့ အလင်းရောင်တွေ၊
လူတွေကြားက ငယ်ရွယ်မှုတွေ၊ပျော်ရွှင်ကျေနပ်
မှုတွေရဲ့အလင်းရောင်တွေ၊မီးပွိုင့်တွေကြားက
ကားပေါ်မှာ ပျင်းရိစွာ ရှိနေရရင်တောင် ပြန်စရာ
အိမ်တစ်ခုဆိုတဲ့ အကြောင်းကြောင့် နွေးထွေးနေ
ကြတဲ့ နှလုံးသားရဲ့အလင်းရောင်တွေ။
မြို့ပြရဲ့သက်ဝင်လှုပ်ရှားမှုတွေက တကယ်ကိုအ
လင်းရောင်တွေ များနေလိုက်တာ။
အဓိပ္ပါယ်တွေအပြည့်နဲ့ပါလား။
"အဟက်"
အေးစက်သောလှောင်ရယ်သံလေးတစ်ချက်က
အဆင့်မြင့်ဆေးရုံကြီးတစ်ခု၏ခေါင်မိုးထပ် လက်
ရန်းနားမှ ထွက်ပေါ်လာခဲ့သည်။
အဖြူရောင်လူနာဝတ်စုံကို ဝတ်ထားတဲ့ ကောင်
လေးက လက်ရန်းတွေကိုနောက်မှီထားရာမှ ပျင်း
ရိစွာနဲ့ ပြန်လှည့်လိုက်ရင်း မျက်နှာချင်းဆိုင် အ
ဆောက်အအုံရှိ LED Screen ကိုကြည့်နေခဲ့သည်။
ကြီးမားတဲ့screen ပေါ်မှ အလင်းပြန်လာသော
မီးရောင်တွေက ကောင်လေးရဲ့ချောမောသော
မျက်နှာပေါ်သို့တိုက်ရိုက်ကျရောက်နေခဲ့၏။
နွေးထွေးတဲ့ အလင်းရောင်ကညာဘက် မျက်ဝန်းထောင့်က မှည့်နက်လေးကို ပိုတောက်ပသွားစေ
သော်လည်း အညိုရောင်မျက်ဝန်းတွေရဲ့မှုန်မှိုင်း
မှုကိုတော့ ပိုသိသာသွားစေသည်။
လေတစ်ချို့တိုက်ခတ်သွားတာကြောင့် ပွယောင်း
နေသော လူနာဝတ်စုံက သူ့ကိုယ်ထက်တွင် လှုပ်
ယိမ်းနေခဲ့သည်။ဖြူဖွေးပါးလျသော လက်လေး
တစ်ဖက်က လူနာဝတ်စုံအိတ်ကပ်ထဲမှ ဖုန်းကို
ထုတ်ကာ နံပါတ်အချို့ကိုနှိပ်လိုက်ရင်း ဖုန်းဝင်
သွားသံကို နားထောင်နေခဲ့၏။
