"သခင်လေး ပထမသခင်လေးက တွေ့ခွင့်တောင်းနေတယ်" အန်နာဟာ ရွှေရောင်မျှင်များနဲ့ရောစပ်ယက်လုပ်ထားတဲ့အနက်ရောင်ခြုံထည်ကို ဒန်နာရီကိုယ်ပေါ် ခြုံပေးလိုက်ရင်းပြောလိုက်သည်၊ဒန်နာရီဟာ ခေါင်းညိတ်လိုက်တော့ သူမဟာ တံခါးကို သွားဖွင့်ပေးလိုက်သည်၊
ဆိုရက်စ်ဟာ ဒန်နာရီအခန်းထဲဝင်လာပြီး ဒန်နာရီကို တင်းကြပ်စွာပွေ့ဖက်လိုက်သည်၊ဆိုရက်စ်ရဲ့ပတ္တမြားရောင်မျက်ဝန်းတစ်စုံဟာ ဝမ်းနည်းမှုတွေနဲ့အတူ အပြစ်ရှိဟန်တွေဟာ ထင်ထင်ရှားရှားပင်၊
"ကိုကို တောင်းပန်ပါတယ် ဒန်နာရီ" ပထမသခင်လေးပေမယ့် သူ့ညီငယ်လေးကိုတောင် မကာကွယ်နိုင်သည်ဟာ ရှက်စရာပင်၊သူဟာ ဘယ်လောက်ပင် ထက်မြက်ပါစေ၊ထူးချွန်ပါစေ... အာဏာမရှိရင် ထိုအချင်းအရာတွေဆိုတာ အလဟသဆိုတာ နားလည်လိုက်သည်၊ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ဖို့ ဆိုရက်စ်အနေနဲ့ ရိုစဲဆလပ်အိမ်တော်ရဲ့ဆက်ခံသူအစစ်အမှန်ဖြစ်ရန် လိုအပ်သည်၊အရင်တုန်းက ထိုရာထူးကို ဆိုရက်စ်မမက်မောခဲ့ပေမယ့် ဒန်နာရီကိစ္စနဲ့ပတ်သတ်ပြီး သူ့ကို မီးမောင်းထိုးပြလိုက်သလိုပင်၊
အဲ့မိန်းမက သူမသားအတွက် သူရဲ့ညီတွေကို ယစ်ကောင်အဖြင့် လုပ်လိုက်လိမ့်မည်လို့ ဘယ်သူက ပြောနိုင်မှာလဲ!
"အစ်ကိုဆိုရက်စ် ကျွန်တော်အဆင်ပြေပါတယ်" အသက်ခြောက်နှစ်အရွယ်ကောင်လေးရဲ့မျက်ဝန်းများဟာ ပကတိသန့်ရှင်းစင်ကြယ်လွန်းသည်၊ထိုသန့်ရှင်းကြယ်စင်တဲ့မျက်ဝန်းတွေနဲ့ရင်ဆိုင်ရလေလေ ကလီနာပေါ် ထားရှိသည့် ဆိုရက်စ်အမုန်းဟာ ကြီးထွားလာလေလေဖြစ်သည်၊
*မင်းအစ်ကိုရဲ့နှလုံးသားထဲက အမုန်းတရားတွေက အနက်ရောင်စွန်းနေပြီ*ဇီနိုရဲ့စကားကြောင့် အစ်ကိုဆိုရက်စ်ကို ဒန်နာရီစိုးရိမ်သွားတော့သည်၊ဇီနိုရဲ့သင်ပြမှုအောက်မှာ 'Dark heart'အကြောင်းကို ဒန်နာရီသိရှိထားပြီးပြီမလား၊
ထိုနှလုံးသားပိုင်ရှင်တွေဟာ အမှောင်ဘက်ခြမ်းက သူတွေရဲ့သားကောင်အကြီးစားများဖြစ်ပြီး အသိစိတ်လွတ်စေသွားတဲ့အထိ ဆိုးဝါးလှသည်၊