ခြေထောက်တောင်ကျဥ်တယ်ခုံအောက်မှာနာရီဝက်လောက်ထိုင်လိုက်ရတာမို့
ဆိုင်မှာငွေရှင်းပီး ကမန်းကတန်းလျှောက်ကာဆိုင်ထဲက အပြင်ထွက်ပီး ဆိုင်ကယ်ပေါ်ခွထိုင်ပီး စက်နှိုးတုန်းနေတုန်း
လင်းရောင်စဥ်
ဘာလဲကွာ
ဟင်....ကိုကြီး
အဲ့.....ဗျာ....
နောက်ကကျွန်တော်နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်မိတာ ဟိုကောင် ခွေးမသား သီဟ မဟုတ်ဘဲ ကိုကြီးဖြစ်နေပီး ကျွန်တော်ကိုစိုက်ကြည့်နေတယ်လေ ဟိုကောင် သီဟ က ဘယ်ရောက်သွားတာလဲဟ ထူးဆန်းလိုက်တာ
ကိုကြီးက ပြန်သွားပီမဟုတ်လား ခုဘယ်လိုလုပ်ပီး
ဆိုင်ကယ်ပေါ်က ဆင်းလေ ဘာကြောင်ကြည့်နေတာလဲ
ကိုကြီးက ကျွန်တော်ကိုဆိုင်ကယ်နောက်ကနေ ထိုင်လိုက်စေကာ ရှေ့ကမောင်းနေတယ် အိမ်ပြန်မရောက်ချင်ဘူး အိမ်ရောက်ရင်ကိုကြီးက ရိုက်မှာ... အဟင့်...တကယ်တမ်းအိမ်ရောက်တော့
ကိုကြီးက ကျွန်တော့်ကိုမရိုက်ဘဲဒီလိုပုံစံကြီးနဲ့အပြစ်ပေးတယ်လေ တကယ်ညောင်းတာမှသေမတတ်ဘဲ ပေါင်တွေရောလက်တွေရောတကယ်ညောင်းလာပီ တကယ်ကြီး ၄၅ မိနစ်ပြည့်အောင်ဒီပုံစံအတိုင်းနေရမှာလားမသိဘူး
ကိုယ်မျက်စိရှေ့ကကောင်လေးက တကယ့်ဆိုးပေလေး ကိုယ်သူ့ကိုသေချာမှာထားပီးသား ဆိုင်ကယ်မစီးရဘူးဆိုတာကို ဟိုတစ်ခေါက်က ကိုယ်ဆိုင်ကယ်ကိုယူစီးတဲ့ကောင်လေးက ကားနဲ့ချိတ်မိပီးဒဏ်ရာရလာတာမို့ကိုယ်မှာစိတ်ပူပီးစိုးရိမ်လိုက်ရတာကိုသူမသိဘူး ဒီနေ့ကျောင်းပိတ်ရက်မို့လို့ ကိစွလေးရှိလို့ အပြင်သွားတာ ဒီကောင်လေးကို တွေ့မယ်လို့မထင်ထားဘူး ကိုယ်ဆိုင်ထဲမှာလုပ်ကိစွစကားပြောပီးတာနဲ့ ပြန်ဖို့လုပ်ရင်းကနေအသိ မိတ်ဆွေတစ်ယောက်ကကိုယ့်ကိုနှုတ်ဆက်နေရင်း ကားလမ်းတစ်ဖက်မှာရပ်ထားတဲ့ဆိုင်ကယ်ပေါ်ကကောင်လေးကို မြင်ဖူးပါတယ်မှတ်တာ သေချာအောင်ထပ်ကြည့်မှ ရောင်စဥ်ဖြစ်နေတာမို့ ကိုယ်လဲ သူ့ဆိုင်ကယ်နားသွားကာ ဆိုင်ကယ်နောက်ခုံမှာထိုင်နေတဲ့သီဟ ကိုမျက်နှာရိပ်ပြပီး ပြန်ခိုင်းလိုက်တာမို့ ကိုယ်နဲ့သူပဲကျန်တော့ကိုသူမသိဘူး နာမည်ခေါ်လိုက်မှ လှည့်ကြည််ပီးလန့်
သွားတဲ့ကောင်လေးကို ဆိုင်ကယ်နောက်ကနေ ထိုင်ခိုင်းကာ ကိုယ်ပဲရှေ့ကမောင်းလာရင်းအိမ်ပြန်ရောက်တော့ ကောင်လေးကိုအပြစ်ပေးထားတာ နာရီဝက်တောင်ရှိနေပီမို့လို့ ရပ်ခိုင်းလိုက်ရင်းအနားကိုခေါ်လိုက်တယ်
အပိုင်း၅
Start from the beginning