ကောင်ငယ်လေးရဲ့ တိုးဖွဖွစကားသံအဆုံးမှာ ရှောင်းကျန့်က အလိုမကျစွာနဲ့ ခေါင်းကိုစောင်းပြီး ကောင်ကလေးကိုလှမ်းကြည့်တယ်
"ကျွန်တော့်သူငယ်ချင်းတွေကပြောတယ်.... အကယ်၍သူတို့သာ နောက်ဆုံးတစ်နေ့ သူတို့ချစ်ရတဲ့သူတွေနဲ့ ဒီလိုအဆုံးသတ်ရမယ်ဆိုတာကြိုသိခဲ့ရင် အစကတည်းက မတွေ့ကြဖို့ကိုပဲ ရွေးချယ်မယ်တဲ့လေ... ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့နောက်ဆုံးတစ်နေ့ ကိုယ်ကပဲနာကျင်ရမှာမို့လို့တဲ့"
"...."
"ဒါပေမယ့် ကျွန်တော်ကတော့ ပြောလိုက်တယ်....
နောက်ဆုံးတစ်နေ့ မပေါင်းဖက်ရဘူးဆိုတာကြိုသိနေခဲ့ရင်တောင်.... ကျွန်တော်သာဆိုခဲ့ရင်တော့ ...ဒီလူနဲ့ တွေ့ဖို့ဆိုတဲ့ ရွေးချယ်မှုကိုပဲလုပ်မယ်လို့... ဘာလို့လဲဆိုတော့..."
မျက်နှာကြက်ဖြူဖြူကိုစကားပြောရင်း ငေးကြည့်နေတဲ့ ကောင်ကလေးက ပြောလက်စကိုရပ်ထားလိုက်ပြီး တစ်ဖက်ကုတင်ပေါ်က ရှောင်းကျန့်မျက်လုံးတွေကို နူးနူးညံ့ညံ့လေးပြန်စိုက်ကြည့်တယ်
ဘာကိုဆိုလိုချင်နေမှန်းမသိတဲ့ ရှောင်းကျန့်ကတော့ ရီဝေနေတဲ့ မျက်ပေတုံးကလေးတွေကို တရှိုက်မက်မက် ပြန်လည်ငေးကြည့်မိနေဆဲ..
"အဆုံးသတ်မှာမပေါင်းဖက်ရဘူးဆိုခဲ့ရင်တောင်အနည်းဆုံးတော့ကျွန်တော်တို့နှစ်ယောက်တွေ့ခွင့်ရခဲ့တာမို့လို့......"
"...."
"အနည်းဆုံးတော့ ကျွန်တော်ဒီလူကို ချစ်ခွင့်ရခဲ့ပြီး ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့အကြောင်း....ပြောခွင့်ရခဲ့တာမို့လို့..."
"...."
"သေလောက်အောင်နာကျင်ရမယ်ဆိုခဲ့ရင်တောင် ကျွန်တော်က ဒီလူကို ချစ်ခဲ့ချင်သေးတာမို့လို့"
"တော်တော့....တော်ပါတော့ ငယ်လေးရာ.......ကိုယ့်ကိုအသေများသတ်ချင်နေတာလားကွာ......"
"ဟက်!သူပဲ မေးတုန်းကမေးပြီး ဘာလဲငိုတော့မလို့လား မြေခွေးကြီး ကျွန်တော်ကမချော့တတ်ဘူးနော် ..ဟာ တကယ်ငိုတော့မလို့လားလို့ ဘာလို့ဟိုဘက်စောင်းလိုက်တာလဲ"
"ကိုယ်အိပ်ချင်လာလို့ ငယ်လေးလဲအိပ်တော့ နိုးလာမှတွေ့မယ်"
"ဟက်...နုလိုက်တာ ငါတို့ကျန့်ကောကလည်း"
ကောင်လေးရဲ့ ခပ်ထေ့ထေ့ပြောလိုက်သံကို ကြားလိုက်ပေမယ့် ငိုနေပြီဖြစ်တဲ့ မြေခွေးဆိုးလေးကတော့ အသံမထွက်မိအောင် ကိုယ့်ပါးစပ်ကိုယ်လက်နဲ့ အသာထိန်းပိတ်ရင်း မျက်ခမ်းစပ်ကအရည်ကြည်တချို့ကို ခေါင်းအုံးပေါ် လွတ်လွတ်လပ်လပ်ကျဆင်းခွင့်ပေးလိုက်မိတယ်..
တင်စားစရာရှားလို့ ဒီလိုဥပမာနဲ့မှ တင်စားတယ်တဲ့လေ..
အပြစ်တွေများခဲ့လွန်းလို့ ဘယ်ကဘယ်လို စချစ်ပေးရမှန်းတောင် ရှောင်းကျန့်တစ်ယောက် မသိသေးတဲ့အချိန် ပြတ်သားတတ်တဲ့ အနှီကောင်ကလေးကတော့ သူ့ဘဝတစ်လျှောက်လုံးမှာ ရှောင်းကျန့်ကိုပဲ ထပ်ခါတလဲလဲရွေးချယ်သမှုပြုခဲ့ပုံရတယ်...
ဝမ်ရိပေါ်ကလေးရဲ့ ရှောင်းကျန့်အပေါ်ထားတဲ့ အချစ်တွေကို ရှောင်းကျန့်ဘက်ကပြန်ပြီး အမှီလိုက်ဖို့ဆိုရင် နောက်ဘဝတစ်ခုရောက်မှပဲ ဖြစ်နိုင်မယ်လို့ ထင်ရလောက်တဲ့အထိ....
ကောင်ကလေးဟာ ရှောင်ရှောင်းကျန့်ကို သိပ်ချစ်ခဲ့တယ်
*Recommended song-Jackie Chan & Kim Hee Sun,
💕Endless Love💕*
(With myanmar subtitle)
YOU ARE READING
'𝑅𝑒𝑑𝑎𝑚𝑎𝑛𝑐𝑦'
Fanfiction'Redamancy' means the act of loving the one who loves you;a love returned in full
Endless......💕
Start from the beginning
