"အဲတော့ကျွန်တော်လုပ်ပေးရမှာက ဒီည အဲဒီ bar ကိုသွားပြီး အဲဒီလူဆီ intro ဝင်ထားရမှာပေါ့ အဲလိုဆိုလိုချင်တာပါလား ရှောင်းလူကြီးမင်း"
"ဟုတ်တယ် အဲဒါမင်းရဲ့ ပထမဆုံးတာဝန်ပဲ"
ဖုန်းထဲကကြားနေရတဲ့ ခပ်အီအီစကားသံတစ်ခုရဲ့အဆုံးမှာ ရှောင်းကျန့်က အတိုတုတ်ဆုံးနဲ့ အပြတ်သားဆုံးဖြစ်မယ်ထင်ရတဲ့ စကားလုံးတစ်ချို့ကိုရွေးပြီး ထောက်ခံကြောင်းပြန်ပြောလိုက်တယ်
ချစ်ရသူက အမှာတော်ပါးထားတာမို့လို့ဘယ်လိုအကြောင်းကြောင့်နဲ့မှ ရှောင်းကျန့်ဘက်ကနူးညံ့ပြဖို့ဆိုတာမဖြစ်နိုင်ဘူးလေ...
"နည်းလမ်းရောရွေးဖို့လိုသလား ရှောင်းလူကြီးမင်း ကျွန်တော်ပြောချင်တာက ဖြူဖြူစင်စင်လေးအဖြစ်လား ရှုပ်ရှုပ်ထွေးထွေးလေးအဖြစ်လား ကျွန်တော်ဆိုလိုချင်တာကို သဘောပေါက်ရဲ့လားမသိ"
"နည်းလမ်းက မင်းအဆင်ပြေတာသုံးလို့ရတယ် ရှေ့လျှောက် ထဲထဲဝင်ဝင်ပတ်သက်ဖို့ရှိနေတဲ့လူမို့လို့ မင်းဇာတ်မင်းနိုင်ရင်ရပြီ"
"ဟက်!သူကကျွန်တော်နဲ့ အတူအိပ်ချင်ပါတယ်ဆိုလာရင်ရော ကျွန်တော်ဘက်က လက်ခံရမှာလားရှောင်းလူကြီးမင်း"
"ကျစ်!!"
ဒီတစ်ယောက်နဲ့ပတ်သက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ရှောင်းကျန့် စိတ်ပျက်ခြင်းကိုစတင်ခံစားမိလိုက်ရတယ်
ဒီဇာတ်လမ်းမှာ ကိုယ်ကညွှန်ကြားသူ ဖြစ်ပြီး သူကကိုယ်ကြိုးဆွဲရာကရမယ့် ဇာတ်ကောင်တစ်ယောက်အဖြစ်နေပေးရင်ရနေပြီကို ဘာ့ကြောင့်များ ဒီတစ်ယောက်က ရှုပ်ထွေးချင်လာရပြန်သလဲမသိ
ရှောင်းကျန့်တစ်ယောက် ဖုန်းကို နားနားပိုကပ်လိုက်ရင်း ကုတင်ပေါ်မှာ ဆေးအရှိန်နဲ့ အိပ်မောကျနေတဲ့ ဖြူနုနုအရိပ်ကလေးဆီတစ်ချက်လှမ်းကြည့်လိုက်တယ်
တကယ်ပါ..
ပတ်သက်ခဲ့ဖူးသမျှလူတွေထဲမှာ ဝမ်ရိပေါ်ဆိုတဲ့ ဒီကောင်လေးလောက် ရိုးသားဖြူစင်တဲ့လူ ဆိုတာ တွေ့ကိုမတွေ့ဖူးသေးတာ..
ရှောင်းကျန့်နားကို ချဉ်းကပ်လာတဲ့သူအများစုက ရှောင်းကျန့်ကို အစစ်အမှန်တွေပေးဖို့ထက် သူတို့လိုချင်တာရဖို့နဲ့ ရှောင်းကျန့်ကို ဖျက်ဆီးပစ်ဖို့ ဒီနှစ်ခုထဲကတစ်ခုကိုသာလျှင် အမြဲစိတ်ဝင်တစားရှိကြတယ်
YOU ARE READING
'𝑅𝑒𝑑𝑎𝑚𝑎𝑛𝑐𝑦'
Fanfiction'Redamancy' means the act of loving the one who loves you;a love returned in full
