ပြောရင်းဆိုရင်းနဲ့ ပြန်မှိတ်လိုက်တော့မယ့် မျက်တောင်စလေးတွေက ရှောင်းကျန့်ရဲ့ ခေါ်သံအောက်မှာ ဆတ်ခနဲပြန်ပွင့်လာတယ်
"အင်....ကျန့်ကော ဘာလိုလို့လဲ"
"ကိုယ့်ကို ဘယ်လောက်ချစ်လဲ"
"အမ်!"
"ကိုယ့်ကိုဘယ်လောက်ချစ်လဲလို့"
"ရုတ်တရက်ကြီး!!"
"အင်း ရုတ်တရက်ကြီး ကိုယ်သိချင်လာလို့ ကိုယ့်ရဲ့ တိတိလေးက ကိုယ့်ကို ဘယ်လောက်ထိချစ်သလဲဆိုတာ"
တစ်ဖက်ကုတင်ပေါ်မှာ လှဲချနေရင်း ကောင်လေးဆီလှည့်မကြည့်ပဲ မျက်နှာကျက်ဖြူဖြူကိုသာငေးမောနေတဲ့ ရှောင်းကျန့်ကို ကောင်ငယ်လေးက ရုတ်တရက်တွေခနဲငေးမိသွားတယ်
ဘယ်လောက်ထိချစ်သလဲတဲ့..
သူက ဒီမေးခွန်းကို ဘယ်လိုများဖြေရလိမ့်မလဲ..
စတင်တွေ့ဆုံချိန်ကစလို့ အတူတူလက်တွဲဖြစ်တဲ့ အချိန်တစ်ခုကိုရောက်လာတဲ့အထိ ဝမ်ရိပေါ်ဆိုတဲ့ သူ့ဘက်က ရှောင်းကျန့်ဆိုတဲ့ ဒီလူအပေါ် ထားတဲ့ မေတ္တာတွေရဲ့ ပမာဏကို ကာယကံရှင်သူတောင် မတွက်ချက်နိုင်ဘူး..
"မဖြေတတ်ရင် ဒီတိုင်း အများကြီးချစ်တယ်လို့ပဲပြော ဟီး"
အဖွဲ့ဖွ့အနွဲ့နွဲ့စကားတွေမပြောတတ်တဲ့ ကောင်ငယ်လေးအကြောင်းသိနေတဲ့ ရှောင်းကျန့်က မျက်နှာကြက်ကိုကြည့်နေရာကနေ ကောင်ငယ်လေးဆီခေါင်းစောင်းလို့ရှေ့သွားတွေပေါ်လာတဲ့အထိ ဟီးခနဲရယ်ပြရင်း လမ်းကြောင်းဖွင့်ပေးတယ်
ရယ်ပြနေတဲ့ရှောင်းကျန့်ကို တမေ့တမောပြန်ငေးနေတဲ့ ကောင်ကလေးရဲ့ မျက်ဝန်းညိုတွေက ရှောင်းကျန့်ကို အနက်ရှိုင်းဆုံးသော ဝင်္ကပါတစ်ခုဆီ လမ်းပြခေါ်ဆောင်သွားမယ့် ပိုးစုန်းကြူးလေးတွေလိုပဲ..
အလင်းရောင်လေးကိုသဘောကျလို့နောက်ကလိုက်မိတဲ့ရှောင်းကျန့်ကို ဘယ်ရောက်နေလဲဆိုတာမေ့သွားစေမယ့် ပိုးစုန်းကြူးလေး...
"ကျွန်တော် ကိုးရီးယားမှာနေတုန်းက တစ်ရက် သူငယ်ချင်းတွေနဲ့ ကျွန်တော်နဲ့ အငြင်းအခုန်ဖြစ်ကြတယ် ဇာတ်လမ်းတွဲတစ်ခုရဲ့ အဆုံးသတ်နဲ့ ပတ်သက်ပြီးတော့ပေါ့"
"..."
"အဲဒီဇာတ်လမ်းထဲမှာ မင်းသားနဲ့ မင်းသမီးက သိပ်ကိုချစ်ကြတဲ့ ချစ်သူတွေ ငယ်ငယ်လေးကတည်းကသိခဲ့တဲ့ အတွင်းသိအစင်းသိတွေဖြစ်သလို နှစ်ဖက်အသိုင်းအဝိုင်းကလည်း အထစ်အငေါ့မရှိ နှစ်အိမ့်တစ်အိမ်လိုနေကြတဲ့သူတွေပေါ့ အားလုံးကနောက်ဆုံးတစ်နေ့ သူတို့ နှစ်ယောက်ပဲ ပေါင်းဖက်ဖြစ်ကြမှာပဲလို့ ထင်ခဲ့ကြပေမယ့်.... "
"...."
"နောက်ဆုံးတစ်နေ့မှာ တစ်ယောက်ရဲ့ မင်္ဂလာပွဲကို တစ်ယောက်က ဂုဏ်ပြုစကားပြောနေရင်းနဲ့ အဆုံးသတ်သွားခဲ့တာပေါ့"
YOU ARE READING
'𝑅𝑒𝑑𝑎𝑚𝑎𝑛𝑐𝑦'
Fanfiction'Redamancy' means the act of loving the one who loves you;a love returned in full
Endless......💕
Start from the beginning
