ရှောင်းကျန့်မျက်နှာကိုကြည့်ပြီး ရှောင်းကျန့်ကိုကာကွယ်ပေးဖို့ ရှောင်းကျန့်ကို စိတ်ချမ်းသာအောင်ထားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုတာတစ်ယောက်မှကိုမရှိခဲ့ဖူးဘူး..
ခုဒီတစ်ယောက်အပါအဝင်ပေါ့..
"အဲဒါက မင်းသဘောပဲ မင်းဆန္ဒရှိသလိုလုပ်ပိုင်ခွင့်ရှိတယ် တစ်ခုပဲ အဲဒါနဲ့ပတ်သက်ပြီး ပြသာနာဖြစ်လာရင်တော့ ငါမရှင်းပေးနိုင်သလို တာဝန်လည်းမယူနိုင်ဘူး ငါ့ဘက်ကပြောစရာကုန်ပြီ လိုတာရှိရင် ကျန်းချန်ကိုဖုန်းဆက်လိုက်"
အဆုံးသတ်သောစကားတစ်ခွန်းကို ခပ်မြန်မြန်ပဲ လက်စသတ်လိုက်ရင်း သက်ပျင်းတစ်ချက်ချလို့ မှန်ပြတင်းဆီ ကျောခိုင်းလိုက်တယ်
ချစ်ရသူက အေးချမ်းပေမယ့် ချစ်ရသူကို ထိခိုက်လိုသူတွေကတော့ အရှိန်ကောင်းကောင်းနဲ့ တောက်လောင်နေတဲ့ မီးပွားတွေလိုပဲ..
အနားကပ်လာတာနဲ့တင် ပြာကျဖို့ ရည်ရွယ်ထားစေသလိုမျိုး..
"ကျန့်ကောကရော မအိပ်တော့ဘူးလား ဆေးသွင်းထားတာ အတူတူပဲကို နားပါဦးလား"
ရှောင်းကျန့် တစ်ဖက်ကုတင်ပေါ်ကို ဝင်ထိုင်လိုက်တာနဲ့ အအိပ်ဆတ်တဲ့ ကောင်ကလေးက ချက်ချင်းပဲ နိုးလာရင်း ရှောင်းကျန့်ဘက်ကို ခေါင်းစောင်းလို့ ချစ်စဖွယ်သတိပေးရှာတယ်
"ကိုယ်လည်း အခုပဲ အိပ်တော့မလို့ပါ မင်းကိုကြည့်နေတာ စိတ်မချလို့"
"စိတ်မချစရာဘာများရှိသလဲယောကျာ်းရင့်မာကြီးကိုပြီးတော့ ဆေးရုံခန်းထဲမှာပဲဟာ စိတ်ချလက်ချအိပ် ကျွန်တော်ဘယ်မှမသွားဘူး ဒီတိုင်းပဲလှဲနေမှယ်"
ရှောင်းကျန့်ရဲ့ စိတ်မချလို့ ဆိုတဲ့စကားကို မျက်မှောင်ကလေးတစ်ချက်ကျုံ့လို့ မဲ့ရွဲ့ပြီးတုန့်ပြန်လိုက်တဲ့ကောင်ကလေးက ရှောင်းကျန့်အမြင်မှာတော့ အမြဲ ကာကွယ်ပေးဖို့လိုအပ်နေတဲ့ နုထွေးထွေး ဝါဂွမ်းလုံးလေးလိုမျိုးပဲ....
ထိလိုက်တာနဲ့ ပဲ့ကျသွားနိုင်တဲ့ ဝါဂွမ်းလုံးလေး..
"အိပ် အိပ် ကျွန်တော်ဘေးနားမှာ လာထိုင်ပေးနေရမလားဂိမ်းဆော့ရင်းနဲ့"
"ဟက်!ရပါတယ် ကောက ကလေးမှ မဟုတ်ပဲ အဲတိုင်းပဲလှဲနေ"
"အာ့ဆိုလည်းပြီးရော"
"လောင်ဝမ်.."
YOU ARE READING
'𝑅𝑒𝑑𝑎𝑚𝑎𝑛𝑐𝑦'
Fanfiction'Redamancy' means the act of loving the one who loves you;a love returned in full
Endless......💕
Start from the beginning
