သီခမှာ စုတ်သပ်၍သာ စိတ်ပျက်လက်ပျက်ကြည့်မိတော့၏။ အားလုံးမှာ သူ့ထက်ကြီးသော အစ်ကိုများပင်ဖြစ်သော်ငြား သီခမှာ တစ်ခါတစ်ရံ ၃တန်းကလေးတအုပ်ကို ထိန်းနေရသလိုပင်ခံစားမိရ၏။

"ဒါနဲ့ ယူးကီဆိုတာက?"

"အာ ... သူ့နာမည်‌အရင်းလေ။ ယူးကီဟာရာ ခါစုမီ ... အာ့ကြောင့် ယူးကီလို့ ဖြတ်ခေါ်တာ"

"ဟင် တကယ်လား Mist က နာမည်အရင်းပဲထင်နေတာ"

"အင်း အိမ်နာမည်ပါ။ တကယ်တော့ ခါစုမီရဲ့ အဓိပ္ပယ်ကလဲ မြူပဲ။ ဆိုတော့ ပြောရရင် တူတူပဲ"

Mist က သီခကို ခြေထောက်အကြောလျှော့ကူနေရင်း ဆိုသည်။ အာရွန်၏ ကောင်းသည်လားဆိုးသည်လားမသိသည့်အချက်မှာတော့ သည်လိုကိစ္စမျိုးပင်ဖြစ်သည်။ လိုတာရော မလိုတာရော ဟိုဟိုသည်သည် လျှောက်ပြောရင်း စကားဝိုင်းကိုဖန်တီးတတ်သူမို့ သူများမသိသည့်အရာများကိုပင် တစ်ခါတလေသိနေတတ်၏။

"ဟုတ်တယ်နော် တွေးကြည့်တော့ Mist ကလဲ ဂျပန်ကပြားပဲ"

"ဒါပေမဲ့ ဂျပန်လိုတော့ သိပ်မပြောတတ်ဘူး။ အိမ်မှာလဲ အင်္ဂလိပ်လိုပဲ သုံးတာများလို့"

"ဒီလိုကိုး"

သီခက ပြောရင်းဆိုရင်းနှင့် တစ်ခါပြန်ကာ Mist ကို အကြောလျှော့ရန် ကူညီပေးလိုက်သည်။ သို့သော် Mist ကတော့ သူ့ထက်ပို၍ အကြောအချင် ပျော့ပျောင်းသည်မို့ အကူအညီပင် သိပ်မလိုပါပေ။

"တွေးကြည့်တော့ဟုတ်တယ်နော် ... မြန်မာပြည်မှာသာ debut ကြမှာ .... အခု ဒီမှာက ကျွန်တော်ကလွဲရင် အကုန်နိုင်ငံခြားသားနဲ့ ကပြားတွေချည်းပဲ"

"အနည်းဆုံးတော့ အကုန် မြန်မာလိုကျွမ်းကြပါတယ် ဟဲဟဲ"

"နောက်ထပ် memberတစ်ယောက် ရောက်လာဦးမယ်မလား ... သူပါ နိုင်ငံခြားသားဖြစ်နေရင်တော့ တကယ်ကျွန်တော်တစ်ယောက်ထဲဖြစ်ပြီပဲ"

အားလုံးမှာ သီခစကားကြောင့် ရယ်ရမလို ငိုရမလို ခံစားသွားကြရ၏။

"ဒါနဲ့ ကိုဂျင်မီတောင်မတွေ့တာကြာပြီနော် လူရှာနေတာလား မသိဘူး"

လင်းက ဝင်ပြောတော့ အာရွန်က ရယ်လျက်ဆိုသည်။

"ရည်းစားနဲ့ဒိတ်နေတာ မဟုတ်ဘူးလား? ကားအနက်တစ်စီး ရောက်လာတိုင်း ပျော်ရွှင်ပြီး တက်သွားတာတွေ့တာပဲ"

VNITY : The First StepWhere stories live. Discover now