ဆေးရုံရောက်မှ ဆရာဝန်နှင့်ပြကြည့်မှသာ စိုးရိမ်စိတ်လွန်ကဲသည်နှင့် ထိန့်လန့်မှုပေါင်းသွား၍သာဖြစ်ကြောင်း၊ ဗိုက်ထဲကခလေးလဲစိုးရိမ်စရာ မရှိကြောင်းသိခဲ့ရသည်။
"နေဝန်း အကို့ဆီကအဆက်အသွယ်ရလားဟင် စိမ်းစိတ်ပူလို့ပါ"
ငိုသံစွတ်စွတ်လေးဖြင့်ပြောလာသည်ကြောင့် ကိုယ်ဝန်အရင့်အမာနှင့် ဆိုတော့ပို၍ဝမ်းနည်းနေသည့်ဟန်သူ့မယ် လူမမာကတစ်ဖတ် ကိုယ် ဝန်သည်ကတစ်ဖတ်နှင့်သာ။
"အတက်နိုင်ဆုံး အဆက်အသွယ်ရဖို့ကြိုးစားနေတာမို့ စိတ်မပူနဲ့နော်
အခု ဗိုက်ထဲကခလေးကိုပဲဂရုစိုက်ပေး ကျန်တာနေ၀န်းတာဝန်ထား"
ဒီထက်ပိုပြီးဘယ်သူ့မှမထိခိုက်စေဖို့အတွက်ကတော့ နေဝန်းတာဝန် ထားပါ ဟူ၍တော့ထုတ်မပြောဖြစ်ခဲ့ချေပါ။
"မနေဝန်း...မနေဝန်း..
ရေးကြီးသုပ်ပြာနှင့် သူတို့ရှိနေသည့်အခန်းထဲသို့ မြတ်သူမှာအပြေးလာ သောကြောင့် ဘာများဖြစ်လို့ဟု၍စိုးထိမ့်သွားပြီး ချက်ချင်းအခန်းပြင်ကို မြတ်သူလက်ကိုဆွဲပြီးထွက်လာရသည်။
“ဘာဖြစ်တာလဲ"
"မမပန်းသွေးကို ကိုမိုးမာန်ဖုန်းဆက်တယ် ကိုထက်ရှိတဲ့နေရာကိုပြောပြ မှာမို့ သူ့ဆီ သိန်း၁ဝဝဝ အခုချက်ချင်းလွှဲပေးရမယ်တဲ့ အဲ့တာနဲ့ မမ ပန်းသွေးကမြတ်သူကိုဘဏ်ကနေလွှဲပေးခိုင်းတော့ ကိုမိုးမာန်က ကိုထက်ရှိတဲ့နေရာကို message ပို့တယ် နောက်ပြီး ဦးကျော်ဇေကအခု ကိစ္စရဲ့ တရားခံဆိုတာလဲသူသိတယ်တဲ့ အဲ့တာကြောင့် သူကိုယ်တိုင် သွားရမယ်ဆိုပြီး ထွက်သွားတယ်"
“ဘာ ဒါကိုနင်ကအခုမှဘာလို့ပြောရတာလဲ သိကထဲကချက်ချင်းဘာ လို့လာမပြောတာလဲ ဟာကွာ ပန်းသွေးကဘာတွေလျောက်လုပ်နေတာ လဲ ကိုယ့်မှာလဲဒဏ်ရာကြီးနဲ့ကို"
"မြတ်သူလဲပြောပါသေးတယ် မြတ်သူတားချိန်မရလိုက်ခင်မှာပဲ မမက ထွက်သွားတာ မြတ်သူ မနေဝန်းကိုဖုန်းဆက်မဲ့အချိန် မမထွက်သွား လို့အခုလိုတွေဖြစ်ကုန်တာ"
"အဲ့တာဆို အခု သူတို့နောက်ကိုလိုက်သွားမှာမို့ စိမ်းလဲ့ကိုဂရုစိုက်ထား ပေးပါ နောက်ပြီး ရော့ ဒီဖုန်းနံပါတ်ကိုအကြောင်းကြားပြီး အခုဖြစ်ပျက်ခဲ့ တာတွေအကုန် ပြောပေး ကျန်တာသူဆက်လုပ်လိမ့်မယ် နေဝန်းဆက် ခိုင်းတာလို့ပြော ကြားလား"