ရွှီဖုန်း နေ့လည်စာ စားပြီးနောက်မှာ ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းလိုက်ပြီး ဟွာ့ပိန်ကဗျာစာအုပ်ကို သာမန်ကာလျှံကာ လှန်ကြည့်လိုက်၏။ ဆောင်းဦးရာသီနေပူဒဏ်ကား လွင့်ပါးသွားပြီး နေကတော့ အတော်လေးကို ပူပြင်းနေဆဲဖြစ်သော်လည်း စပျစ်စင်အောက်၌မူ အရိပ်ရပြီး အေးမြနေသည်။ လက်ကောက်ဝတ်တွင် ကင်းခြေများကဲ့သို့သော အမာရွတ်က ပေါ်နေပြီး သူ့ညာလက်က ခန္ဓာကိုယ်ဘေးတွင် တွဲလောင်းကျနေ၍ ဘယ်လက်ကို သုံးပြီး စာအုပ်မှ စာမျက်နှာများကို လှန်နေလေသည်။
သူ စိတ်ဝင်စားနေသည့်အပိုဒ်
နား ရောက်နေကာမှ သူ့ကို နေ့စဥ်ရက်ဆက် ပုံမှန်ခစားနေကျ ကျင်ရှူးသည် သူ့ဆီ အလျင်အမြန် ပြေးလာကာ အော်ဟစ်တော့သည်။“သခင်လေး သခင်လေး နန်းတော်သခင်က ကျွန်မတို့ရဲ့ချွေ့ကျူဆောင်တော်ကို လာနေပြီ!”
[ ချွေ့ကျူ – 翠竹 –
ကျောက်စိမ်းရောင်ဝါးနန်းတော်သခင် - ဂိုဏ်းချုပ် ]
ရွှီဖုန်း ခေါင်းတောင်မော့မကြည့်လာပေ။ ထိုအစား သူက ယခင်အတိုင်း စာအုပ်မှ စာမျက်နှာများကိုသာ ဖြည်းဖြည်းချင်း ဆက်လှန်နေလိုက်သည်။ သူ ပြုံးကာ ပြောလိုက်၏။
“စကားလုံးတွေနဲ့ နောက်ပြောင်ဖို့ မကြိုးစားစမ်းနဲ့၊ကောင်းကင်က မှောင်တောင်မမှောင်သေးဘူး နန်းတော်သခင်က ဘယ်လိုလုပ် ဒီကို လာမှာလဲ?”
ကျင်ရှူးကား တော်တော်လေးကို ချွေးပြန်နေချေပြီ။
“နန်းတော်သခင်က ယွဲ့တုန့်ဂိတ်ကို ဖြတ်ပြီးနေပြီ၊ ပြီးတော့ အခု ခြံဝင်းထဲမှာ ခေါင်ရန်းပန်းတွေကို ကြည့်နေတယ်”
[ယွဲ့တုန့် – 月洞 – လ/ဂူ]
ထိုအခိုက်တွင်မှ ကျင်ရှူးပြောသည်မှာ အမှန်တွေဖြစ်နေသည်ကို နားလည်လိုက်ကာ သူ့မျက်နှာပေါ်မှ အပြုံးတို့မှာ တစ်ဖြည်းဖြည်း မှေးမှိန်သွား၏။ ဘာခွန်အားမှ ရှိမနေသော သူ့ညာဘက်လက်သည် တွန့်သွားပြီး ကြီးမားကျယ်ပြန့်သော အင်္ကျီလက်ရှည်ထဲသို့ ပြန်ရုပ်လိုက်သည်။ နန်းတော်သခင် ချွေ့ကျူဆောင်တော်သို့ ခြေမချသည့် နေ့ရက်များကို သူ တိတ်တိတ်ကလေး ရေတွက်ထားသည်မှာ အနည်းဆုံး နှစ်လကနေ သုံးလရှိနေလေပြီ။ ဘာကြောင့်များ ရုတ်တရက်ကြီး ဒီနေ့ လာတာပါလိမ့်?
![](https://img.wattpad.com/cover/313262947-288-k20416.jpg)
YOU ARE READING
ဝေ့ရှုန်း
Historical Fictionဟယ့်ထင်းကျုံးက သူ့ညီငယ်လေးကို နှစ်ပေါင်းများစွာ အသည်းအသန် ရှာနေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့အမျိုးသားကိုယ်လုပ်တော်များကြားတွင် မမျှော်လင့်ဘဲ တွေ့လိုက်ရတော့သည်... အရိုးစစ်စစ် Incestကြီးမို့ မကြိုက်သူများ ရှောင်ကြကုန်