Ep 7 part 1 unicode

Start from the beginning
                                        

"ဟုတ်ကဲ့ပါ အရာရှိကြီး''

ရိပေါ်လည်း အခန်းထဲကနေ ထွက်လာပြီး ''ချစ်သော'' ရဲ့ နားနေခန်းကို သွားလိုက်တော့တယ်

"ဒေါက် ဒေါက် ဒေါက် ''

"ဘယ်သူလဲ''

"ကျွန်တော်ပါ ကျန်ကော''

"Aww ရိပေါ်လား ဝင်ခဲ့လေ''

" အစောကြီး ရှိသေးတယ် ငါက ခဏနေမှ ဂျူတီ ဆင်းလို့ ရမှာ''

"ဟုတ် ကျွန်တော် အမှုတစ်ခု စုံစမ်းစရာရှိလို့ စောလာလိုက်တာပါ''

"အော်ဟုတ်လား ခဏနေရင် ပြီးတော့မှာပါ လူနာတွေကိုပြန်စစ်နေလို့''

"ဟုတ်ကဲ့ ဟို....ဟို...''

"တဟိုဟိုနဲ့ ဘာပြောမလို့လဲ''

"ဟို...''

" ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပါ ငါ စိတ်မဆိုးဘူး ဟုတ်ပြီလား ''

" မနက်ဖြန်က ကော ရဲ့ မွေးနေ့ဆိုတာ ဟုတ်လားဟင်''

" omm အ့တာ ဘာဖြစ်လို့လဲ မင်းကို ဘယ်သူက ပြောလိုက်တာလဲ''

" ကျဲယန်းလီက ပြောလိုက်လို့ပါ ကော ဂျူတီနားတယ်တဲ့ မနက်ဖန်''

"Omm ငါက မွေးနေ့ဆို လုပ်စရာတွေ သွားစရာတွေ ရှိလို့ အ့တာ ဘာဖြစ်လို့လဲ ''

"ဟို...''

"အော် မနက်ဖန် မင်း သွားချင်တဲ့နေရာ သွားနော် ငါ့ကို လာကြိုဖို့ မလိုဘူး''

"ဟို ကျန့်ကောက ဘယ်သွားမှာလဲဟင် ''

" မင်းက ဘာလို့ သိချင်တာလဲ''

" ဟို ကျွန်တော် မနက်ဖြန် အားတယ် အ့ဒါ ကျန့်ကော နဲ့ အတူတူ ရှိနေလို့ ရမလားလို့ ဟို ကျန့်ကော အဆင်ပြေမှပါ ''

ရှောင်ကျန့် တစ်ယောက် ကလေးပေါက်နဲ့ အတူတူ သွားရရင် ပိုကောင်းမယ် လို့ စဥ်းစားမိတာကြောင့်
ပြန်ဖြေလိုက်မိတယ်
"ရပါတယ် ငါ့အတွက်က အပန်းမကြီးပါဘူး ဒါပေမယ့် ငါက မွေးနေ့ဆိုပြီး စားသောက်ဆိုင်ကြီး ကောင်းကောင်းတစ်ခုမှာတော့ လိုက်ကျွေးမှာ မဟုတ်ဘူးနော် မင်း လိုက်နိုင်ပါ့မလား''

"ရပါတယ် ကော ကျွန်တော်က ကိစ္စမရှိပါဘူး''

" အေး အ့ဆိုလည်း မနက်ဖြန် မနက် ၈နာရီလောက် ငါ့အိမ် လာခဲ့လေ နိုးတယ်မလား''

You💕💕💕(unicode +zawgyi )Where stories live. Discover now