တစ်လကြာပြီးနောက်
ရိပေါ်တစ်ယောက် ''ချစ်သော'' ဆေးရုံကိုတွေ့ချင်ပေမယ့် သွားပြီး ''ချစ်သော''ကို ဟိုနေ့က တရားခံက လွတ်သွားတော့ အ့အမှုကိစ္စကို လိုက်စုံစမ်းနေရာတာနဲ့ မတွေ့ဖြစ်တာ တစ်လလောက်ရှိပြီ
ဒီကနေ့မှာတော့ ရိပေါ်တစ်ယောက် မရောက်ဖြစ်တာကြာနေတဲ့ မြို့ပြင်က နေရာတစ်ခုကို သာ ထွက်လာခဲ့တယ်
မသွားခင်မှာလည်း ပန်းဆိုင်ကနေ လီလီပန်းတွေအများကြီး ဝယ်လာခဲ့ပါသေးတယ်
ရိပေါ့်ရဲ့ကားလေး က မြို့ပြင်က လမ်းကြားလေးတစ်ခုထဲကို ဝင်သွားပြီး ခဏကြာတဲ့အချိန်မှာ အုတ်ဂူဖြူဖြူတွေအများကြီးရှိတဲ့ သုသာန်တစ်ခုရှေ့မှာ ရပ်သွားတယ်
မယ်နော်''
" မားတို့လည်း အေးအေးချမ်းချမ်းနေပါ သားကို စိတ်ပူစရာမလို့တော့ဘူးလို့ ပြောတာပါ သား သွားတော့မယ်နော်''
ရိပေါ်လည်း မားတို့ကို နှုတ်ဆက်ပြီး ထွက်လာဖို့အလုပ် ဘေးက အုတ်ဂူအဖြူပေါ်မှာ ပန်းတွေက ညိုးခြောက်နေတာကို မြင်လိုက်ရတယ်
ရိပေါ်လည်း မားအတွက်ဝယ်ထားတဲ့ လီလီပန်းတွေထဲက ၃ပွင့်လောက်ကို အ့ အုတ်ဂူအပေါ်မှာ တင်လိုက်တယ်
*မားလည်း နားလည်လောက်မှာပါ ဒီအုတ်ဂူပိုင်ရှင်က ဆွေမျိုးမရှိတာလား ဆွေမျိုးတွေကမလာနိုင်လို့ထင်တယ် သူများကို စေတနာထားပေးတာ မားက ကောင်းတယ်လို့ ပြောမှာပါ*
ရိပေါ်လည်း ပြန်ထွက်လာတဲ့အချိန် ''ချစ်သော'' နဲ့ဆင်တူတဲ့သူကို မြင်လိုက်ရတယ် သူလဲ ဒေါ်လေးဆီက ဖုန်းလာလို့ ပြောနေရင်းကဆိုတော့ သိပ်တော့မသေချာလိုက်ဘူး
*မဖြစ်နိုင်တာ '' ချစ်သော'' က ခုချိန် ဆေးရုံမှာ ရှိမှာပေါ့ မနက်ဖြန်မှ သွားတွေ့ရမယ် '' ချစ်သော'' ကို တွေ့ချင်တာနဲ့ အကုန်လုံးကို စိတ်စွဲပြီး မြင်နေတယ်*
"ဟုတ် ဒေါ်လေး ကျွန်တော် လာပြီနော်''
ရိပေါ်ရဲ့ကားလေးလည်း ကွန်ဒိုတိုက်ခန်းဆီ ပြန်မောင်းလာခဲ့တော့တယ်
အခန်းရှေ့ရောက်တော့ ဒေါ်လေးက အထုပ်တွေအများကြီးနဲ့ ရပ်စောင့်နေလေရဲ့
"ဒေါ်လေးရယ် အခန်းpwသိနေတာပဲ ဝင်လိုက်တာတော့မဟုတ်ဘူး အထုပ်တွေက အလေးကြီးကို''
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
