" ရပါတယ် ဆက်ပြောပါ''
"ဟုတ်ကဲ့ ချောင်က အ့လူနဲ့ ပထမတစ်ခါ ရှိနေတုန်းက
သူ့အခန်းမှာ အ့လူရဲ့ နာရီ ကျန်နေခဲ့ဖူးပါတယ် ကျွန်မ ချောင် သတင်းကြားတုန်းက အ့နာရီကို ကျွန်မ သွားယူထားခဲ့တာပါ''
"အ့ဆို အ့ကောင်က နာရီက အစ်မစီးစီးမှာ ရှိမှန်းသိလို့
အစ်မကို ထိခိုက်အောင် လုပ်ခဲ့တာလား''
"ဟုတ်ပါတယ်''
"ဒါနဲ့ မိန်းကလေးကို သူက ဘယ်လို ထိခိုက်အောင် လုပ်ခဲ့တယ်ဆိုတာ အသေးစိတ် ပြောပြပေးနိုင်မလားဗျ''
"ဟုတ်ကဲ့ မနေ့က ကျွန်မ အလုပ်ကနေ customer မရလို့ဆိုပြီး စိတ်ညစ်ညစ်နဲ့ ပြန်လာခဲ့တာ ညဆယ်နာရီလောက် ရှိနေပေမယ့် ပုံမှန်ဆို ကျွန်မ ဒီထက် နောက်ကျတဲ့အချိန်တွေတောင် ပြန်ဖူးပါတယ် မနေ့က ကံဆိုးချင်တော့ လမ်းက လူသိပ်မရှိဘူး လမ်းမီးတွေကလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ် ကျွန်မလည်း ကြောက်မိလို့ ခပ်သွက်သွက် သွားနေခဲ့တာပါ
ကျွန်မလည်း လျှောက်ရင်းလျှောက်ရင်းနဲ့ နောက်က လူတစ်ယောက် လိုက်လာတယ်လို့ သတိထားမိလာတယ် အ့ကြောင့် ပို မြန်မြန် လျှောက်လာခဲ့ပေမယ့် အနောက်က လူက ကျွန်မရဲ့ ပိုက်ဆံအိတ်ကို အတင်းလုတော့တာပဲ ကျွန်မလည်း ပြန်လုရင်းနဲ့ နောက်တော့ အ့လူက ကျွန်မကို တစ်ခုခုနဲ့ ရိုက်လိုက်တာ ကံကောင်းလို့ လမ်းသွားလမ်းလာတစ်ယောက်က
မြင်ပြီး အော်ဟစ်အကူအညီတောင်းလို့ လူတွေ ရောက်လာကြပြီး ကျွန်မကို ဆေးရုံပို့ပေးကြတာ ပိုက်ဆံအိတ်ကတော့ အ့လူဆီ ပါသွားတယ်''
"အ့တာဆို နာရီကကောဟင် တရားခံဆီ ပါသွားတာလား''
"မဟုတ်ပါဘူး မပါသွားဘူး ကျွန်မက အ့နာရီကို ကျွန်မအခန်းထဲက စားပွဲအံဆွဲထဲမှာ သိမ်းထားတာ
ခု ကလေးမလေး တစ်ယောက်ကို ယူခိုင်းလိုက်ပြီ ခဏနေရင် အ့ကောင်မလေး လာပါလိမ့်မယ် ဒါနဲ့ ချောင့်ကို ကျွန်မ ကြည့်လို့ ရမလားဟင် ''
"မကြည့်ချင်ပါနဲ့ဗျာ အလောင်းက တော်တော်လေးကို
ပုံစံက ဆိုးဝါးတာ တရားခံက ရက်ရက်စက်စက် သတ်ထားတော့လေ လက်တစ်ဖက်က ပျက်နေပြီး မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ရယ် မိသားစုဝင်တွေတောင် မဖြစ်လို့ ပြရတာရယ်''
YOU ARE READING
You💕💕💕(unicode +zawgyi )
Fanfictionငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ် ကျွန်တော်အရမ်းချစ်ရတဲ့သူကလည်း ''ချစ်သော''တစ်ယောက်ထဲပါ You💕💕💕
Ep 7 part 1 unicode
Start from the beginning
