"ထာဝစဥ်ရွှေ"

နာမည်ခေါ်ခံလိုက်ရသည့် ထာဝစဥ်ရွှေသည် မျက်နှာကြီးကိုသုံမှုံလျက်ရှိသည်။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ တည်ထားတာနဲ့မတူဘဲ ရေငုံနှုတ်ပိတ်နေနေရသည့် အပြစ်သားတစ်ယောက်
နှင့်ပင်တူလေသည်။

"အဆင့်ဆိုတဲ့စကားလုံးကို နင်ကအရင်စပြောတာနော်"

အတန်းတွင်း အပ်ကျသံမှအစကြားရလောက်အောင်ကို တိတ်ဆိတ်နေ၍ လေးဘက်လေးလံ အုတ်နံရံကာထားသည့်အခန်းအတွင်း သက်နှင်းအသံသည် ဟိန်းထွက်နေသည်။ နံရံများဆီပဲ့တင်ပြီး ပြန်ကန်လာတဲ့အသံများတွင် သြဇာများပါဝင်နေသလို ကြားရတာရင်တလှပ်လှပ်။

ကြောက်စရာအခိုးအငွေ့တွေကြားထဲ ရင်တမမနှင့် မျက်အိမ်ပင်အသံမထွက်အောင်ရွေ့နေရကာ ရင်ထဲထိတ်နေကြလေသည်။ နင်ဟဲ့ငါဟဲ့ဆိုပြီး
နပမ်းလုံးကြရင်လည်းတစ်မျိုးပေါ့။ ခုဟာက စိတ်တိုလွန်းရင်တောင် နောက်မှာထိန်းသိမ်းရမယ့် မိဘဂုဏ်သိက္ခါတွေရှိနေကြ၍ အပင်ပန်းခံ ထသတ်ကြမယ့်လူမျိုးမဟုတ်။ အသံတိတ်တိုက်ပွဲကိုသာ အသံတိတ်တိတ်နှငိ့ ဆက်ကြည့်နေကြရုံ။

ဘာပဲဖြစ်လာဖြစ်လာ သက်နှင်းခန့်ထင်ရဲ့ဘက်မှာ ရှိနေပေးကြမယ့်လူတွေချည်းပင်။

တစ်ဖက်က သွေးအေးအေးနဲ့ပြောသည်။ တစ်ဖက်က မျက်နှာကြီးတင်းလျက်ဘာမှပြန်မပြောဘဲ တင်းခံနေသည်။

"နင်တို့လည်း သူငယ်ချင်းအချင်းချင်း ချောက်မတွန်းစမ်းပါနဲ့။ မင်းသမီးမကလို့ သမ္မတသမီးဖြစ်နေရင်တောင် အမှားကအမှားဘဲ။ မျက်နှာလိုမျက်နှာရ လိုက်ဖားမနေစမ်းနဲ့"

အနာပေါ်ဆားပက်ခံရသလို မျက်နှာများပျက်ယွင်းသွားကြလေသည်။

"ဟို င ငါတို့က ​ထာဝစဥ်ရွှေပြောတာမကြားလိုက်လို့ပါဟာ"

ညီညီ့စိတ်ထဲပြောလိုက်သည့် စကားတစ်ခွန်းက "အပိုတွေ" ဟူ၍။ သူတို့ပါးစပ်ကကို ထာဝစဥ်ရွှေကအရင်စပြီးလျှာရှည်တာပါဟူ၍ ဝန်ခံလိုက်သလို။

"ညီညီ ငါနဲ့မုန့်ဝယ်ရအောင် လိုက်ခဲ့ဦး"

"ဟင် အင်းအင်း"

IDOLWhere stories live. Discover now