Part-1

6.7K 412 36
                                    


(Unicode)

လွတ်လပ်တဲ့ငှက်ကလေးတစ်ကောင်။
ကောင်းကင်ယံထက် ပျံသန်းနေသည်။
လေဟုန်တိုးနေလျက်ပင်။

အရာအားလုံးရဲ့ အစကဂျာမနီတွင်။

" မြန်မြန်ပြန်လာခဲ့ကြားလား..."

" အင်း..."

လှုပ်ရှားသွားလာနေရသည့် အေးဂျင့်တစ်ချို့
တိုင်းပြည်အတွက် အသက်ကိုစွန့်နေကြသည်။

မြေအောက်ဘူတာလေးတွင်မူနားကြပ်လေးတပ်ထားကာ နာရီလေးတကြည့်ကြည့်နှင့်ဖြစ်နေရသည့် ကောင်လေး။ရထားအလာကို စောင့်နေတာပင်။

" Z...ကြားရလား..."

နားကြပ်လေးအတွင်းမှ စကားသံ...

" အင်း..."

" ခြောက်နာရီနဲ့ ဆယ့်နှစ်နာရီမှာ တစ်ယောက်စီရှိနေတယ်..."

မြေအောက် ဘူတာရဲ့ CCTV ရှိသည့်အခန်းလေးအတွင်းမှ ညွှန်ကြားနေသူ။

မျက်စိရှေ့တည့်တည့်တွင် သတင်းစာဖတ်ချင်ယောင်ဆောင်နေသည့်လူတစ်ယောက်။
ရထားလမ်းရဲ့တစ်ဖက်တွင်ဖြစ်သည်။

ဘူတာဝင်ခါနီးဥသြဆွဲသံလေးနဲ့အတူ သေနတ်အသံလေး။သို့သော် အသံကမကျယ်လောင်ခဲ့။
တဖက်သူ ရဲ့ခေါင်းလေးငိုက်ကြသွားခဲ့သည်။

ရထားလေးရောက်လာတော့...

" အချိန်ကြပြီ..."

လူတွေများပြားစွာရထားကိုသာအာရုံရောက်သွားခဲ့သည်။

လောင်ကုတ် အင်္ကျီလေးအတွင်းမှ သေနတ်လေးကို ထုတ်လိုက်ကာ...

Z သူ့ရဲ့အနောက်တည့်တည့်မှ သူစီတန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

ထိုသူရဲ့အနားကိုရောက်တော့ သေနတ်လေးခေါင်းကိုတည့်ကာ တစ်ချက်ပဲပစ်လိုက်သည်။
အသံလုံပြောင်းတပ်ထားတာကြောင့် လူတွေသတိမထားမိခဲ့။

" မစ်ရှင်တစ်ခုအောင်မြင်ပြီ..."

တိုးဝေ့နေသည့် လူတွေကြားမှ ခပ်တည်တည်လေး လမ်းလျှောက်ကာဖြတ်ကျော်လာခဲ့သည်။

ဒါကသူ့ရဲ့ဘဝ။အေးဂျင့်တစ်ယောက်ဆိုပေမဲ့လူတွေအသက်ကို နုတ်ယူနေရသည်။
ပြောရမယ်ဆို ဖမ်းဖို့မလွယ်တဲ့သူတွေကို Z တစ်ယောက်တည်း ဖမ်းဆီးနိုင်ခဲ့တာကြောင့်ပင်။
ထိုနည်းတူ ရှင်းဖို့မလွယ်တဲ့သူတွေကိုလည်းအပြတ်ရှင်းနိုင်ခဲ့သည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now