"မင်းနဲ့မှချစ်တတ်ခဲ့တဲ့ ဘဝကို နင်သိဖို့ ×× အကြိမ်ကြိမ် ငါနီးဖို့ကြိုးစားလည်း×××
မင်းကနှာခေါင်းလေးပိတ်ကာ ပြေးထွက်ခဲ့××
ဒီလူငိုသံဟာ မကြမ်းတမ်းဘူး ဟေ့×××"

သင်တန်းက သင်ထားသည့်အတိုင်း Vibrate တွေပါထည့်ဆိုနိုင်၍ ကိုယ့်အဆိုပညာ​အပေါ်
ကိုယ့်ဘာသာကျေနပ်နေမိသည်။ ညီညီ့အသံသည် Nasal sound ဟုခေါ်သည့် နှာသံမျိုးမဟုတ်။ ​အသံလုံးသေးသေးလေးလည်းမဟုတ်။

EXO က Baekhyun တို့ NCT TEN လိူမျိုး အသံချိုကြည်ကြည်နှင့်သွားဆင်သည်။

မနက်ကတည်းက ဝေလ၏ နင်သိပ်ရက်စက်တယ် သီချင်းက ညီညီ့ပါးစပ်ထဲစွဲ​နေတာ။ ဖြစ်ပုံက မနေ့က မေမေတို့နဲ့သွားကြည့်တဲ့ ရောင်စဥ့်ရုပ်ရှင်ကိုကြည့်ပြီး ကောက်ဆိုမိတဲ့သီချင်းလေ။ ဇာတ်ကားကတော့ ကောင်းသလားမမေးနဲ့။ ရုံပြည့်ရုံလျှံအောင်ကိုပေါက်သည်ဆိုတာနှင့် ထိုက်တန်လွန်းသည်။

"ချစ်ရပါသောဒုတိယလူ"ရုပ်ရှင်မှာ ရောင်စဥ်က "ဝတ်လွှာ"ဆိုသည့်ကောင်မလေးနေရာက။

အသက်ငယ်ငယ်လေးနဲ့ မင်းသားဖြစ်သူ
"မြတ်မနော"ကို မကြိုက်နှစ်သက်ဘဲ စေ့စပ်လိုက်ရပြီးနောက် မြတ်မနောရဲ့စိတ်တွေက သူ့ရဲ့
အချစ်ဦးဖြစ်သူကောင်မလေးဆီမှာပဲရှိနေတုန်းပဲဆိုတာ သိလိုက်ရတဲ့အချိန် အသိုင်းအဝိုင်းကြီးထဲက ​မိန်းကလေးငယ်ဝတ်လွှာရဲ့ ပတ်ဝန်းကျင်မှာအရှက်ကွဲရမယ့် စေ့စပ်ပွဲဖျက်သိမ်းရမည့်အဖြစ်လို မဖြစ်ချင်လို့ လိုက်ဖျက်ရာကနေ မနောအပေါ် ကိုယ်ရောစိတ်ပါ လုံးဝပြိုလဲကျသွားခဲ့မှုတွေကို ညီညီခံစားခဲ့ရသည်။

ဇာတ်ကားက ရောင်စဥ့်ဇာတ်မဟုတ်သော်လည်း သူငယ်ချင်းအချင်းချင်းမို့ ရောင်စဥ့်နေရာကခံစားပြီးကြည့်ခဲ့တာ။ မြတ်မနောကိုလက်ထပ်ခွင့်ရလိုက်တဲ့ ပထမလူဖြစ်သွားတဲ့ ရောင်စဥ်က နောက်ဆုံးအထိ မြတ်မနောရဲ့ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ခဲ့န်ုင်ပေမယ့် မနောရဲ့နှလုံးသားကတော့ ဒုတိယလူအဖြစ်ကျန်ခဲ့ရတဲ့ အချစ်ဦးဆီမှာပဲ ကျန်ခဲ့သည်လေ။

တစ်ညလုံးရော ခုတစ်မနက်လုံးကရော ဒီဇာတ်ကားကိုပဲတွေးနေမိတာ။ ဘာကိုအားမလိုအားရဖြစ်နေမိတာလဲမသိပေမယ့် တစ်စုံတစ်ယောက်ကိုအပြစ်တင်ချင်​နေမိစိတ်ကစွဲကျန်ခဲ့တာ။
ဝတ်လွှာသည် ဗီလိန်ဖြစ်နေပေမယ့် သူမချစ်ဘဲနဲ့ လက်ထပ်လိုက်ရတဲ့ ယောက်ျားတစ်ယောက်အပေါ် ချစ်မိသွားတာက လူမုန်းစရာဖြစ်​သွားခဲ့တာလား။

IDOLWhere stories live. Discover now