" အင်း … အမြန်ဖမ်းမိပါစေလို့ပဲဆုတောင်းရတော့မှာပေါ့ … ဒါနဲ့မင်းရောခုဘာလုပ်နေလဲ "

" ဧကရာဇ်မောင်က အဖိုးကြွယ်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို လက်လွှဲယူသွားတယ် … ဒါကြောင့် ခုသူအနားယူနေချိန်ငါခနစောင့်ရှောက်ပေးနေရတယ် … အလုပ်ကိစ္စအတွက်ကပူစရာမလိုဘူး မုဒြာအခြေအနေဘယ်လိုရှိနေလဲပဲ ငါသိချင်တာ "

" ငါကြိုးစားကြည့်လိုက်မယ် အရမ်းလဲစိတ်မပူပါနဲ့ … ဧကရာဇ်မောင်က အရင်ကနဲ့မတူတော့ဘူး … သူ့ရဲ့အသိစိတ်ကပြန်ဝင်ရောက်လာပြီဆိုတော့ မုဒြာကို သူနာကျင်အောင် မလုပ်လောက်တော့ပါဘူး "

မုဒြာကသာ သူ့စိတ်ကိုထိန်းချုပ်ပေးနိုင်မဲ့ တစ်ခုတည်းသောအရာဖြစ်နေသည် ။

" မုဒြာနဲ့အဆက်အသွယ်ရရင်ငါ့ကိုပြောပါ "

" စိတ်ချပါ "

တစ်ဖက်တွင်တော့ …

မုဒြာဧကရာဇ်မောင်ရဲ့ ကွဲပြားနေတဲ့စိတ်တွေကိုသတိထားမိလာပြီး သူ့ရဲ့အသိစိတ်ပုံမှန်ရှိတဲ့အချိန်က နေ့ဘက်ဖြစ်ကာ အနည်းငယ်ကြမ်းတမ်းသည့်စိတ်က ညဘက်ဖြစ်ကြောင်းခွဲခြားသိမြင်နိုင်ခဲ့သည် ။ ဒီလိုနဲ့ ညဘက်ဧကရာဇ်အခန်းထဲမဝင်လာခင် မုဒြာအခန်းတံခါးကိုလော့ချကာ အန္တရာယ်ကနေကာကွယ်ထားရသည် ။

' ဒေါက် … ဒေါက် … ဒေါက် '

" မုဒြာ … ကိုယ့်ကိုတံခါးဖွင့်ပေး "

ဒီလူကဧကရာဇ်မောင်အစစ်မဟုတ်နေ၍ မုဒြာမဖွင့်ရဲပေ ။ အချိန်ပြည့်သူ့အား ရယူဖို့ကြံရွယ်နေပြီး နာကျင်မှာကိုလဲ မမှုပေ ။ မုဒြာ ဧကရာဇ်ရဲ့ ဦးခေါင်းနဲ့လက်မောင်းတွေကို နာကျင်အောင်လုပ်ခဲ့ပြီး ရုန်ထွက်နိုင်ခဲ့ပေမဲ့ စိတ်ဆိုးဒေါသထွက်ခြင်းမရှိနေပဲ ပို၍ပြုံးရယ်ကာ နာကျင်မှုကိုသဘောတွေ့နေသလို မုဒြာကိုပိုပြီးတော့ပင်စိတ်ဆိုးအောင်စနေတတ်သည် ။ အဆုံး၍ ဧကရာဇ်ရဲ့ ညဘက်ပြောင်းလဲသွားသည့်စိတ်ကို ရင်မဆိုင်ချင်တော့၍ အခန်းတံခါးပိတ်ထားဖို့အတွက်သာ ဆုံးဖြတ်လိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now