အီး..ချေလိုက်ကြတာ
" အင်း...သိတယ်...အလုပ်အကြောင်းလေးပြောကြတာပေါ့ ငါတို့မှာအချိန်မရှိလို့"
"ဟုတ်...ဟုတ်ကဲ့အန်တီ"
သူ့ရှေ့ကအန်တီကြီးရဲ့အနေအထားဟာဘိလပ်မြေကိုင်ထားတဲ့မျက်နှာနဲ့မခြားမနားဖြစ်နေလျှင် ဖြီးနေတဲ့သွားတွေကိုပြန်စိလိုက်သည်။
အစကတော့ သဘောကောင်းပြီးအန်တီ လောက်နဲ့ ပြောပေးပေမယ့်အခုတော့အဒေါ်ကြီးပဲထယ်ယောင်းလုံးဝ ကြည့်မရတော့လို့။
"မင်းအလုပ်ကငါ့သားကိုကြည့်ပေးယုံဘဲ"
"အာ...ကလေးထိန်းရလုပ်ရမှာပေါ့"
"အင်းဆိုတော့..အဲ့လိုမျိုးပါပဲ "
"ဒါဆိုစာချုပ် ချုပ်ကြတာပေါ့"
ခန။ ကျနော် ပြောချင်တာက လေ ကလေးထိန်းက စာချုပ်ဖို့ တွေ ဘာတွေ လိုအပ်လို့လား?
သူဌေးတွေ ကအဲ့လိုပဲ ကြီးကျယ်ကြသလား
မေးချင်နေတဲ့မေးခွန်းတွေကိုလစာမြင်ပြီး တဲ့
နောက်မှာတော့အကုန်လုံးကျနော်ကိုတိုင်
ရိုက်ထုတ်ပြစ်လိုက်တယ်...။ဘာလို့လဲဆိုဒီလစာတွေနဲ့ကျနော်ကျောင်း အေးအေးဆေးဆေးတက်လို့ရပြီလေ...။
အူး ဝါးး...ငါ့ အလုပ်ရှင် တွေ ကျန်းမာပါစေ
စိတ်ချပါ ကျနော်အန်တီတို့ကလေးကို သေချာစောက်ရှောက်ပေးမှာပါ။
အပျော်လွန်တဲ့သူဟာစာချုပ်ပါအချက်တွေကိုပင်မဖတ်နိုင် စဥ်းစားချိန်တောင်မပေးဘဲချုပ်မှာလက်မှတ်ထိုးပြစ်လိုက်သည်
ဒီပုံစံနဲ့ဆိုငါရဲ့ရွှေရောင်အိမ်မက်လေး တွေ ကိုအမြန်အကောင်ထည်ဖော်နိုင်တော့မှာပေါ့
အလုပ်ရှင်အားကြည့်မရပေမယ့်လစာကသူ့ထက်ကြည့်ကောင်းနေတော့သူမငြင်းရက်တော့ဘူး။
"ဒါဆို မနက်ဖြန်ကနေစပြီး အလုပ်ဝင်လို့ ရပြီ
ငါ့သားကိုအနီးကပ်စောင့်ရှောက်ရမှာဆိုတော့
ငါ့အိမ်ပဲ လာနေတော့ မနက်ဖြန် ငါမင်းလာလာကြိုခိုင်းလိုက်မယ် အထုပ်ပြင်ထား"