'သားလေး ဆောင်းဟွန်း
၆နာရီကျော်နေပြီနော် ကလေး။'
ဆောင်းဟွန်း သူ့ရဲ့မေမေ
အခန်းတံခါးခေါက်ပြီး လာခေါ်တာကြောင့်
အဝတ်လဲဗီဒိုကမှန်ကိုကြည့်နေရာက
ရပ်လိုက်သည်။
နာရီတွေထားတဲ့ အံဆွဲကိုဖွင့်ပြီး
ဂျုံဆောင်းနဲ့ဆင်တူတက္ကသိုလ်တုန်းကဝယ်ခဲ့တဲ့ရွှေဖြူBvlgari နာရီလေး
ကောက်ပတ်ပြီးအောက်ထပ်ကို
ဆင်းလာခဲ့သည်။
အဲ့နေ့က ဂျုံဆောင်းလည်း
ဆင်တူဒီနာရီလေးဘဲဝတ်ထားတာဖြစ်သည်။
'သားလေး
အခုသွားတော့မှာလား'
ကားသော့ယူပြီးတာနဲ့
အောက်ထပ်ကိုဆင်းလာသည့်
ဆောင်းဟွန်းကို မေမေက လှမ်းမေးရသည်။
ဆောင်းဟွန်း စိတ်တွေအရမ်းလောပြီး
နှုတ်ဆက်ဖို့တောင်မေ့သွားခဲ့သည်။
'မနက်စာစားသွားပါဦးလား သားရယ်'
'တော်ပြီ မေမေ သားမစားတော့ဘူး။'
'သားလေးရယ် မွေးနေ့မှာ
ရေညှိဟင်းချိုလေးတော့နည်းနည်းတော့
သောက်သွားလေနော်။
သားလေးအတွက်မေမေ မနက်ထဲက
ထချက်ထားတာ။
နည်းနည်းလေးတော့စားသွား'
ဆောင်းဟွန်း မေမေ့ကို စိတ်မကောင်း
မဖြစ်စေချင်လို့ ထမင်းစားပွဲမှာ
ဝင်ထိုင်လိုက်သည်။
အဖြူရောင်ကြိုက်သည့်မေမေ့အတွက်
ဂျုံဆောင်းက စိတ်တိုင်းကျ
တစ်အိမ်လုံးရဲ့Interior ကိုDesignဆွဲပြီး
လက်ဆောင်ပေးကာပြင်ဆင်ပေးခဲ့သည်။
ဆောင်းဟွန်းရဲ့မိဘပိုင်အိမ်ဖြစ်တာတောင်
ဂျုံဆောင်းရဲ့ အငွေ့အသက်ကအပြည့်
ဖြစ်နေသည်။
'သားလေး များများစားနော်'
ဆောင်းဟွန်းရှေ့ကို အပူငွေ့တွေထနေသည့်
ရေညှိဟင်းချိုပန်းကန်ကို
မေမေကလာချပေးသည်။
ဂျုံဆောင်းကြိုက်လို့ သူပါကြိုက်သွားသည့်
ဝက်သားသုံးထပ်သားကင်နှင့်
ကြက်အူချောင်းကြော်ကလည်း
ဘေးမှာရှိနေသည်။
ဆောင်းဟွန်းရဲ့ထမင်းပန်းကန်ထဲကို
မေမေက ကြက်ဥချောင်းသုံးခုလာထည့်ပေးသည်။
ŞİMDİ OKUDUĞUN
In Sync with you
Hayran KurguDidn't I tell you that I am always in sync with you? Date - 6.08.2022 JayHoon (One Shot)
