" ကျစ်...ဒီရှောင်ကျန့်ကတော့ ခေါ်လာခဲ့..."

..........

ရောက်လာတာနဲ့ ညှော်နံ့ကအရင်ရသည်။ မျက်နှာကလဲ စူပုပ်လို့။

"ရှောင်ကျန့် ကျတော်နေမကောင်းဘူးလေ နည်းနည်းပါးပါး အေးအေးချမ်းချမ်းနေပါလား "

"ငါက မင်းစားဖို့လုပ်တာလေ..."

"မလုပ်တတ်တာ ဘာလို့လုပ်တာလဲ
ကျန်တဲ့လူတွေမှာ ခများရှုပ်သမျှပဲရှင်းနေရတယ်..."

"ငါလဲ အဲ့ဒိလောက်ချက်ရခက်မယ် မထင်လို့ပေါ့
ငါလဲပင်ပမ်းတာပဲ..."

"အင်း အဲ့ဒိတော့ ခများလဲနား ထပ်မလုပ်နဲ့တော့ ဟုတ်ပြီလား.."

"အင်းပါ.."

ပြောလိုက်တော့လဲ မျက်နှာငယ်လေးနဲ့ ပြန်သွားသည်။ မပြောလို့ကလဲ မဖြစ်။ အကုန်လုံးက ပစ္စည်းကိစ္စတွေရော စုံစမ်းရတာတွေ လုံခြုံရေးတိုးရတာတွေနဲ့ အကုန်အလုပ်ရှုပ်နေကြတာလေ။

...........

မရှုပ်နဲ့ပြောလိုက်မိတာ ညနေထိကို ပေါ်မလာတော့ပေ။
အဲ့ဒိလိုကြီးကြတော့လဲ မဟုတ်သေးဘူးလေ။ ခေါ်ခိုင်းရအောင်ကလည်း ကိုယ့်စကားနဲ့ကိုယ်။ ရှောင်ကျန့်ရေ ခများကတော့ တကယ့်အရှုပ်ထုပ်ပဲ။

စစ်ကျွေးပါ ပေါ်မလာပုံရတော့ ၂ယောက်သား လျောက်ဆော့နေကြတယ်ထင်တယ်။ အင်းးး ဟုတ်သား..

"အဟမ်း... စစ်ကျွေးရော.."

"ဟို ...ကိစ္စရှိလို့လား သခင်ကြီး..."

"အင်း ... ခေါ်လိုက်..."

"ဟို .... သခင်ကြီးနားပါ
ကျွန်တော်တို့ကိုပဲ ပြောခိုင်းလိုက်လေ...."

လာစေချင်လို့ ခေါ်ပါတယ်ဆိုမှ ငါ့ဝန်ထမ်းတွေဟာလေ ရှောင်ကျန့်လောက်တောင် ဥာဏ်မရှိကြဘူး ...

"သွားခေါ်စမ်းပါ ...."

"ဟို.... ဟိုဟာလေ..."

"ဘာဖြစ်နေတာလဲ မြန်မြန်သွားခေါ်...."

" ဟုတ်ကဲ့ သခင်ကြီး...."

စစ်ကျွေးသာရောက်လာသည် ဟိုလူကပါမလာ...

"ကိုလေး ကျတော့်ကိုခေါ်တယ်ဆို ..."

"အင်း ... တနေ့လုံးပျောက်နေကြလို့ ဘာလုပ်နေကြတာလဲ.."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးKde žijí příběhy. Začni objevovat