Part14

961 77 2
                                    

Unicode

မုန်တိုင်းမဝင်ခင်လေပြည်လာတယ်ဆိုတာ သိပ်မှန်တယ်။ အရင်ရက်က ဝမ်အိမ်တော်အားကိုးနဲ့ ရှောင်ကျန့်သောင်းကျန်းခဲ့သမျှ ခုတော့ ပြန်ခံနေရပြီ။ အဲ့တာဟိုဘဏ်ကဒ်စုတ်ကြီးကြောင့်ပေါ့..

ဝမ်ရီပေါ်က ဘဏ်ကဒ်ပဲပေးတာ ပိုက်ဆံထည့်ပေးတာမဟုတ်ပါဘူးနော်။ ကိုယ့်ဘာသာ ပင်ပင်ပမ်းပမ်းရှာထားတဲ့ ပိုက်ဆံလေးပဲ ကဒ်ထဲရှိတာ။ အဲ့တာကိုလေ ဖုန်းထဲဆော့ရင်း VIPဆိုတဲ့ဟာတွေနှိပ်မိတာ ကုန်ပါလေရော....

ဝမ်ရီပေါ်ကလဲ တယွမ်မှထပ်မပေးဘူး... ဘဏ်ကဒ်လိုချင်တာ ခံပေါ့တဲ့... လူဆိုးကောင်ကြီး...

ရှောင်ကျန့်လေး...စိတ်မကောင်းလွန်းလို့ အိပ်ရာထဲကတောင် မထနိုင်တော့ဘူး... အီးဟီး...

.........................

ဝန်ထမ်းတွေလဲစိတ်တော့မကောင်းပါဘူး ... ဒါပေမယ့် သခင်လေးခုတလောမွှေတာတွေက များနေပြီလေ။
အရင် သခင်ကြီးစည်းကမ်းတွေနဲ့ဆို ရှောင်ကျန့်ဒဏ်ပေးခံနေရလောက်ပြီ .... ဒီရက်ပိုင်း သခင်ကြီးစိတ်ကောင်းအတော်ဝင်နေလို့သာ ခံသာနေတာ...

"ဟိုလူရော...."

"ပန်းခြံထဲ အပင်တွေ မြေဆွနေပါတယ် သခင်ကြီး..."

"ဒီအချိန်ကြီးကို..."

"ပန်း တွေမြန်မြန်ပွင့်ချင်လို့တဲ့ ကျတော်တို့သွားခေါ်လိုက်ရမလား သခင်ကြီး..."

"ထားလိုက် ညစာစားခါနီးမှခေါ်လိုက်...
ပြီးတော့ ဘယ်သူမှမုန့်ဖိုးမပေးနဲ့နော် ...."

"ဟုတ်ကဲ့ပါ သခင်ကြီး...."

ခများလို ရွှေမင်းသားလေးက အိမ်ကဝန်ထမ်းတွေဆီကတော့ မုန့်ဖိုးမယူသင့်ဘူးမဟုတ်လား.....

........

ညစာစားတော့ ခပ်မှိုင်မှိုင်မျက်နှာလေးနဲ့ ရောက်လာရှာတယ်။  ပထမနေ့ကတော့ ပိုက်ဆံကုန်ပါပြီ ဘာညာနဲ့ငိုပြီးဂျီကျသေးတယ်.... ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့ပြောလိုက်တော့ ဘာမှထပ်မပြောတော့ဘူး ... ၂ရက်လောက်ငိုင်နေပြီးနောက်တော့ သူ့ပိုက်ဆံရပေါက်တွေ အကုန်လုပ်တော့တာပဲ....

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now