ညို့နိုင်လွန်းတဲ့ သူ Part (42) U/Z

Start from the beginning
                                    

အသံထွက်မငိုတော့ဘဲ အသံတိတ်ငိုနေတဲ့ သမီး ကို ကြည့်ပြီး... ဒေါ်မင်းမင်းသန့် စိတ်မကောင်းဖြစ်နေရသော်လည်း သမီး က စိတ်ဓာတ်မာကြောတဲ သူမို့... နည်းနည်းလေးတော့ စိတ်အေးရပါသည်။

လင်မယားနှစ်ယောက် စကားများလာတာ ကျိန်း
သေးတာမို့... သားတိုင်းလာရင် ပြဿနာတစ်ခုကို ခေါင်းအေးအေးနဲ့ ရှင်းဖို့... သမီးက အမှားလုပ်မိရင်လည်း နားလည်ခွင့်ပေးဖို့... ပြောရပေမည်။

တစ်ယောက်တည်းရှိတဲ့ သမီးကို အိမ်ထောင်ကွဲတာမျိုး မဖြစ်စေချင်တာက သူ့ဆန္ဒပါ။အာ့ကြောင့် သမီးကို သားတိုင်းနဲ့ အဆင်မပြေတာတွေရှိရင်၊နှစ်ယောက်သား ညှိနှိုင်းဖြေရှင်းဖို့..အေးအေး ဆေးဆေး အချိန်ရောက်ရင် ပြောရမည်။

လင်မယားနှစ်ယောက် အဆင်ပြေကြလို့ ကွာရှင်းရင် ပတ်ဝန်းကျင်မှာ တကယ်ထိခိုက်နစ်နာတဲ့သူက မိန်းကလေးပင်။အပျိုဆိုတဲ့ဂုဏ်ပုဒ် အကြည့်ခံရတဲ့ မျက်လုံးနှင့် တစ်ခုလပ် ကွာရှင်းထားတဲ့သူဆိုပြီး အကြည့်ခံရတဲ့ မျက်လုံးတွေက မတူကွဲပြားပါ၏။

အပျိုနှင့်အအိုယှဥ်ရင် ဦးစားပေးခံရတာက အပျိုပင်။အပျိုနှင့် အအို ယောက်ျားလေးတစ်ယောက်
နဲ့ တွဲသွား၊တွဲလာလုပ်တာ အတူတူတောင်မှ ပတ် ဝန်းကျင်မှာ အထင်အမြင်သေး ခံရရင်လည်း အအိုကသာလျင် ထိပ်ဆုံးကနေ ဝေဖန်ကဲ့ရဲ့ခံရတာမျိုး။

ဒါမျိုးတွေကြောင့်ပဲ သမီးကို အိမ်ထောင်ကွဲ တစ်ယောက်မဖြစ်စေချင်တာ။သမီးအပေါ်မှာ သားတိုင်းက အရမ်းညှည်းဆဲ၊နှိပ်စက်နေတာမျိုးဆိုရင်တော့.. သမီးဘက်နေ ရပ်တည်ပြီး သူကိုယ် တိုင် ကွာရှင်းတာမျိုးကို လုပ်ပေးမှာ။အဲ့မဟုတ်တဲ့ ကိစ္စလေးတွေဆိုရင်တော့ သမီးတို့ကို အဆင် ပြေအောင် ကြားကနေညှိနှိုင်းပေးမည်။

သူကသာ စိတ်ပူပြီး အတွေးမျိုးစုံနှင့် ယောက် ယက်ခတ်နေတာ။သမီးက သားတိုင်းနဲ့ စကားများလားတာဆိုတာတောင် သူ သေချာမသိရသေးပါဘူး။

....................,.....,

" ကျွန်တော် မဟာနဲ့အတူ ယောက္ခမအိမ်မှာ သွားနေတော့မယ် "

ဒေါ်ထားထားမေ သူ့ရှေ့က ထိုင်ခုံမှာ ထိုင်နေတဲ့ သား ပြောလိုက်တဲ့ စကားကို ကိုယ်တိုင် နားနဲ့ဆက်ဆက် ကြားလိုက်ရတာတောင်... မယုံကြည်နိုင် ဖြစ်သွားရသည်။

ညို့နိုင်လွန်းတဲ့ သူWhere stories live. Discover now