-သိချင်စိတ်များနှင့်အတူ ဟန်လုပ်ကာချိတ်ဆွဲထားသောအပြုံးလေးနှင့်နောက်လှည့်လိုက်ချိန် ထိုအပြုံးတို့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရသည်။-

တိုးညှင်းစွာရေရွတ်မိတဲ့အသံက...

Kai- စီနီယာYeonjun~~

-တွေ့မြင်နေရတဲ့လူကို သူယုံတောင်မယုံနိုင်ပါလေ။
ဒါက သူတို့နဲ့အတူ ဒီကျောင်းမှာတက်ခဲ့တဲ့ Choi Yeonjunဆိုတာ Jun Kyoungလေးရဲ့အဖေ Mr. Daniel.....Choi~~
ဟုတ်တာပေါ့....ဒန်နီယယ်ချွဲ....

Daniel- တွေ့ရတာဝမ်းသာပါတယ် Kai Sam!

Kai- ဟုတ်ကဲ့
တွေ့ရတာ..ဝမ်း..သာပါတယ် Mr. Dani..el

Daniel- စိတ်ပူစရာတွေဖြစ်ကုန်​ပြီး သားငယ်ကြောင့်အနှောင့်အယှက်တွေဖြစ်ရပြီ။ အားနာလိုက်တာ။

Kai- အာ...ရပါ..တယ်။

-သူမေးတာတွေစကားတွေကိုတောင် သေချာပြန်မဖြေနိုင်တော့ဘဲ သူဘယ်သူလည်းသာစဥ်းစားနေမိသည်။ Yeonjun Hyungဆိုတာတကယ်ဘဲလား။-

Daniel- သားငယ်...အဖေမင်းဆရာနဲ့စကားပြောလိုက်ဦးမယ်။

Jun Kyoung- ဟုတ်ကဲ့ အဖေ။
ဆရာ...သားအထဲပြန်ဝင်လို့ရပြီလား။

Kai- ဟေ...အော အင်း။ ဝင်တာနဲ့ Woojinကို အတန်းထိန်းဖို့ပြောပြီး ဟိုနေ့က ဆရာမDa Binပေးထားတဲ့ သင်ခန်းစာ ဇာတ်ညွှန်းတွေကို ကျက်ထားကြ။ ဆရာခဏနေပြန်လာခဲ့မယ်။
.
.
.
-ကန်တင်းအနောက်ဘက်က သစ်ပင်ကြီးအောက်ကိုရောက်သည်ထိ ရှေ့ကနေသွားနေသော Mr. Daniel။ သူကြည့်ရတာ ဒီနေရာနဲ့ရင်းနှီးနေသယောင်။ ဒါဆိုသူက တကယ်ဘဲ....

Daniel- မတွေ့တာကြာပြီနော် Kai....

-သူ့ကိုရင်းနှီးသလိုခေါ်လိုက်တာလား။ -

Kai- Yeonjunie Hyung!!!!

Daniel- မင်းမှတ်မိသားဘဲ။ ဒီနေရာကိုရောမှတ်မိလား။

-သေချာပြန်ကြည့်မိမှ သူတို့ရဲ့အမှတ်တရသစ်ပင်ကြီး။ သူတို့ခေတ်တုန်းက ထိုအပင်လေးက လူတစ်ရပ်စာလေးဘဲရှိသေးသည်။ ထို့ကြောင့်လည်း ထိုနေရာ ထိုအပင်လေး၏ ထိပ်ဆုံးနေရာမှာ သူတို့အုပ်စုရဲ့ အမှတ်တရတစ်ချို့ကို ချိတ်ဆွဲခဲ့ကြတာပေါ့။ အခုတော့ ဟိုး နှစ်ပြန်စာလောက်ရှိတဲ့ ထိပ်မှာ ကတိမတည်စွာနဲ့ ရပ်တည်နေတယ်။ -

Forever[Completed]Where stories live. Discover now