အပိုင်း(၈၃)

Start from the beginning
                                    

"အမှန်ပဲ ငါလည်း အဲလိုအိုင်တွေ့တိုင်းခြေဆေးတတ်တဲသူမျိုးကို အရမ်းမုန်းတယ်..."

ကျိုးဖေးသည် ခြေလက်များကို ဝှေ့ယမ်းကာ တဗျစ်တောက်တောက်ပြောနေသည်။ ဇီယန်နှင့်ကျန်းဟန်တို့ ဆင်းလာသည်ကို တွေ့သည့်အခါ ကျိုးဖေးသည် သူမပြောနေသည်ကို ရပ်တန့်လိုက်ပြီး ဇီယန်နှင့်ကျန်းဟန်အားကြည့်ကာ စနောက်လိုက်သည်။

"ဟဲဟဲ နင်တို့နှစ်ယောက် မြန်မြန်ပြန်ဆင်းလာကြပါဘား? အိုက်ယိုး... နင်တို့အခန်းထဲကနေထွက်လာဖို့ ခဏလောက်တော့ ကြာဦးမယ်ထင်နေတာ"

"ကျိုးဖေးနော်!"
ဇီယန်၏ လှပသည့် မျက်လုံးလေးများမှာ မျက်စောင်းထိုးကာ ပြောလိုက်သည်။

"ပေါက်တတ်ကရတွေလျှောက်မပြောနဲ့တော့ ငါ နင့်ပါးစပ်ကို စူပါဂလူးနဲ့ လာပိတ်လိုက်တော့မယ်!"

"ဟီးဟီးဟီး...စတာပါ စတာပါ"
ကျိုးဖေး ပြုံးလိုက်ပြီး ဆက်ပြောသည်။

"အစ်မယန် လာ ဒီမှာထိုင်"

ဇီယန် အနည်းငယ် နှာခေါင်းရှုံ့လိုက်ပြီး ကျိုးဘေး၏ဘယ်ဘက်တွင်ဝင်ထိုင်ကာ ကျန်းဟန်သည် ညာဘက်တွင်ဝင်ထိုင်လိုက်သည်။

"ညီမလေး ဘယ်လိုလဲ? ငါချက်ထားတဲ့ အစားအသောက်တွေက အဆင်ပြေရဲ့လား?"
ကျန်းဟန် အပြုံးလေးဖြင့် ပြောသည်။

"အဆင်ပြေလား?"
ကျိုးဖေး မျက်လုံးပြူးသွားပြီး အရင်ဦးအောင် ဝင်ပြောလိုက်သည်။
"အဲဒါက ရှင်းရှင်းပြောရရင် ငါတစ်ဘဝလုံးစားဖူးသမျှထဲမှာ အမွှေးဆုံးပဲ။ အရမ်း အရမ်း ကို အရသာရှိတယ်။ ခဲအို..အာ့လားလား...အစ်မယန် ဘာလို့ငါ့ကို ဆွဲဆိတ်တာလဲ? အဟွတ် အဟွတ်...ကျန်းဟန် နင် ဘယ်လိုချက်ထားတာလဲဟင်?"

"ပုံမှန် ဟင်းချက်နည်းပါပဲ။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေ့က ကောင်းလို့ အရသာကောင်းနေတာ"
ကျန်းဟန် မထူးမခြားနားပင် ပြန်ပြောလိုက်သည်။

"ပါဝင်ပစ္စည်းကောင်းတာလား? ပါဝင်ပစ္စည်းတွေက ကောင်းရင် အရသာရှိတဲ့ဟင်းတစ်ခွက် ဖန်တီးရတာ လွယ်ပါလိမ့်မယ်။ ဟင်းကောင်းကောင်းချက်ပြုတ်နိုင်ဖို့ဆိုတာ အစ်ကိုရဲ့ကျွမ်းကျင်မှုက အရမ်းမြင့်မားနေတယ်လို့ ပြောလိုရတယ်မလား"
ကျန်းလီ ပြုံးကာ ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now