အပိုင်း(၆၉)

Start from the beginning
                                    

"၁၇ သိန်း..."

ရှောင်ယွမ်၏ နှလုံးမှာ လျင်မြန်စွာ ခုန်လာပြီး နောက်တစ်ဖန် စိတ်လှုပ်ရှားသွားပြန်သည်။ နောက်ဆုံးတွင် ၁၇ သိန်းနှင့် ရောင်းလိုက်နိုင်ပါက သူမ ကော်မရှင်အနည်းငယ်တော့ ရနိုင်ပေသည်။

"ကောင်းပြီ မင်းရေးထားတဲ့အတိုင်း ပြင်ဆင်မွမ်းမံလိုက်ပါ။ မင်းကို ၂ သန်း ပေးခဲ့မယ်။ လိုင်စင်နံပါတ်ပြားနဲ့ စတေကာတွေ အားလုံးအတွက်ရော။ မနက်ဖြန် လခြမ်းပင်လယ်ကွေ့က မုန့်မုန့်၏အပန်းဖြေရာစားသောက်ဆိုင်ကို ပို့ပေးပါ"
ကျန်းဟန်သည် စက္ကန့်အနည်းငယ်ကြာအောင် ကြည့်ရင်း ကား၏စနစ်အသေးစိတ်အချက်အလက်များကို ကောင်းစွာနားလည်သွားပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ သခင်လေး။ ဒါဆို ဒီအော်ဒါကို ဘယ်လိုမျိုး ရေးလိုက်ရမလဲ..." ကျွမ်းကျင်ပညာရှင်သည် တံတွေးမျိုချရင်း မေးလိုက်သည်။

"မင်းကြိုက်သလိုသာ ရေးလိုက်"

ရုတ်တရက်ဆိုသလိုပင် အားလုံး၏မျက်လုံးများ တောက်ပလာပြီး နောက်ဆုံးတွင် သူတို့သည် ကျန်းဟန်၏အော်ဒါကို စုစုပေါင်း ယွမ် ၁.၈ သန်းထားလိုက်ပြီး အပို ၂ သိန်းမှာ သူတို့၏ ဘောက်ဆူးပင်ဖြစ်သည်။

ထိုနောက်တွင် စာရွက်စာတမ်းအချို့ကို စတင်ပြင်ဆင်လိုက်ကြပြီး သူ၏မှတ်ပုံတင်ကတ် မိတ္တူအနည်းငယ်ကို ကူးယူကာ စာရွက်စာတမ်းအချို့ကို လက်မှတ်ရေးထိုးကြသည်။ အလုပ်ပြီးသည့်အချိန်တွင် ၁၂ နာရီပင် ထိုးနေပြီဖြစ်သည်။

အရာအားလုံးကို ဂရုတစိုက်လုပ်ပြီးနောက် ကျန်းဟန်သည် မုန့်မုန့်နှင့်အတူ ကားမြို့တော်မှ ထွက်လာပြီး အနီးအနားရှိ ဈေးဝယ်စင်တာသို့ ဓာတ်ပုံဘောင်များဝယ်ရန် သွားလိုက်သည်။

အခြားတစ်ဖက်တွင် ကျန်းဟန်အား ကားရောင်းရန်ခေါ်သွားခဲ့သည့် ရှောင်ယွမ်သည် အရောင်းအဝယ်တွင် ပါဝင်သည့် ဝန်ထမ်းဟောင်း၊ ကျွမ်းကျင်ပညာရှင်တို့နှင့် ခဏတာ စကားပြောဆိုခဲ့ပြီး နောက်ဆုံးတွင် ယွမ် ၂ သိန်းခန့်ကို ‌ရှောင်ယွမ်နှင့်ကျွမ်းကျင်ပညာရှင်သည် ၉ သောင်းစီ၊ ဝန်ထမ်းဟောင်းအတွက် ၂ သောင်း အသီးအသီး ဝေစုရှယ်ယာ ခွဲလိုက်ကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now