အပိုင်း(၆၃)

Start from the beginning
                                    

အချို့မှာ ဒေါသထွက်နေသည့်ပုံ၊ အချို့မှာ ပျော်နေသည့်ပုံ၊ အချို့မှာ ချစ်ဖို့ကောင်းစွာဖြင့်နှုတ်ခမ်းလေးစူနေသည့်ပုံ၊ အချို့ပုံများဆိုလျှင် ရွှေငါးပါးစပ်လေးကဲ့သို့ လုပ်ရင်း မျက်လုံးလေးတစ်ဖက်ပင် မှိတ်ထားသေးသည်။

ဓာတ်ပုံဆရာသည် အနုပညာ ကိုချစ်မြတ်နိုးသူဖြစ်သောကြောင့် မုန့်မုန့်အား သူမလေးငိုတော့မည်ကဲ့သို့ အမူအရာကိုပင် သရုပ်ဆောင်စေချင်ခဲ့ပြီး ထိုပုံများမှာ ကြည့်မိသည့်လူများ၏စိတ်နှလုံးကို ထိခိုက်သွားစေမည်ဟု သူ၏စိတ်ထဲတွင် အသေအချာပင်ယုံကြည်မိသည်။

ထို့ကြောင့် သူသည် ထိုအကြံဉာဏ်ပေးလိုက်သည်။

"သမီးက ငိုတော့မယ်လို့ ဘယ်လိုဟန်ဆောင်ရမှာလဲ"
မုန့်မုန့်သည် သူမလေး၏ဝိုင်းစက်ကြည်လင်သည့်မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်ဖြင့် စူးစမ်းလိုစွာ မေးသည်။

ကျန်းဟန်သည် ထိုစကားကိုကြားသည့်အခါ ချက်ချင်းပင် ဓာတ်ပုံဆရာကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောသည်။

"မင်းဘာတွေပြောနေတာလဲ။ အဲလိုမျိုးပုံတွေ မရိုက်နဲ့"

ကင်မရာသမား၏အမူအရာမှာ အေးခဲသွားသည်။ သူသည် အလျင်အမြန်ပြုံးပြလိုက်ပြီး ကျန်းဟန်နှင့် မုန့်မုန့်တို့၏ ဓာတ်ပုံများကို စတင်ရိုက်ယူလိုက်သည်။

မုန့်မုန့်သည် ဂုတ်ပေါ်တွင် ခွစီးနေသည့်ပုံတစ်ပုံပါရှိသည်။ မုန့်မုန့်သည် ကျန်းဟန်၏လည်ဂုတ်ပေါ်တွင် ခွစီးကာ လက်နှစ်ဖက်ကို မြှောက်၍ ပျော်ရွှင်နေသော မျက်နှာလေးကို ထင်ဟပ်နေစေခဲ့သည်။ သူမ၏အောက်ရှိ ကျန်းဟန်သည်လည်း မည်သူမဆို မြင်တွေ့နိုင်သည့် အပြုံးတစ်ခုရှိနေခဲ့သည်။

မုန့်မုန့်သည် ဖေဖေ၏ ပါးကို နီးကပ်စွာနမ်းနေသည့်ပုံ၊ မုန့်မုန့်သည် သူ၏ရင်ခွင်ထဲတွင် ခိုနေသည့်ပုံနှင့် သူ၏လက်ကို သူမလေး၏လက်ကလေးများဖြင့် ဆုပ်ကိုင်ထားသည့်ပုံ စသည့်ပုံများလည်း ရှိပေသည်။

ဓာတ်ပုံရိုက်ပြီးနောက် ကင်မရာသမားသည် ကျန်းဟန်၏ ဝီချက်ကို အပ်လိုက်ပြီး ဓာတ်ပုံအား ယနေ့ညတွင် ကူးပြီးပါက မနက်ဖြန်တွင် စားသောက်ဆိုင်သို့ ပို့ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now