အပိုင်း(၄၄)

Start from the beginning
                                    

အကာအကွယ်အမြှေးပါးသည် ပလက်စတစ်အမြှေးပါးတစ်ခုနှင့်တူသည်။ ၎င်းကို အနမ်းခန်းများရိုက်ကူးသည့်အခါ တစ်ခါတစ်ရံတွင် သုံးလေ့ရှိသည်။ သို့သော် အများစုသည် အနမ်းခန်းကို ပိုမိုအသက်ဝင်စေရန်အတွက် အကာအကွယ်ကို သုံးလေ့မရှိပေ။

ထို့ပြင် လီချန်း၏စိတ်ထဲတွင် အကာအကွယ်ကဲ့သို့သော အရာမျိုးက အလွယ်တကူဖယ်ရှားနိုင်သည်။ အနမ်းခန်းရိုက်နေချိန်တွင် ခဏလောက်တပ်ထားပြီး ပြုတ်ကျသွားပေလိမ့်မည်။ ထိုအချိန်သည် တကယ်နမ်းရသည်နှင့် အတူတူပင် ဖြစ်သည်။

ဇီယန်၏နူးညံ့သိမ်မွေ့သောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကိုကြည့်လိုက်သည့်အခါ လီချန်း၏စိတ်ထဲတွင် ချက်ချင်းဆူပွက်လာပြီး အထူးသဖြင့် ဇီယန်၏ အနီရောင်နှုတ်ခမ်းများသည် နောက်ထပ်ရိုက်ကူးမည့်အခန်းတွင် သူအလွန်မျှော်လင့်ထားသည့် အရာဖြစ်သည်။

သို့သော် ဇီယန်၏ အဖြေက သူ့အား ကြောင်အသွားစေသည်။

"ကျွန်မ အနမ်းဇာတ်ဝင်ခန်းကို မရိုက်ဘူး"

ဇီယန်သည် အေးစက်စက်နှင့်ပင် ငြင်းလိုက်သည်။

သူမ၏လေသံသည် အလွန်ပြတ်သားသည်။ အကယ်၍ဒါရိုက်တာသာ အနမ်းဇာတ်ကွက်ကို ဖိအားပေးရိုက်ခိုင်းလျှင် ဇီယန် ထို MV ကို ရိုက်ကူးတော့မှာ မဟုတ်ဘူးဆိုတာ မည်သူမှ သံသယမဖြစ်ပေ။

"အကာအကွယ်နဲ့တောင် မလုပ်နိုင်ဘူးလား"

လီချန်းသည် သူ၏အမူအရာကိုပင် မထိန်းနိုင်တော့ပေ။ လူတိုင်း၏အကြည့်အောက်တွင် ဇီယန်၏ အဆက်မပြတ်ငြင်းဆန်မှုကြောင့် မျက်နှာပျက်သွားသလို ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ လီချန်းသည် ရာထူးကြီးမားသော ဒါရိုက်တာဘုတ်အဖွဲ့ဝင်၏သားဖြစ်ပြီး ဇီယန်သည် နာမည်ကျဆယ်လီတစ်ယောက်ဖြစ်သည်။ မျက်နှာမပျက်စေရန်အတွက်မဟုတ်ပါက ဇီယန်ကို ဂရုစိုက်မည်ပင်မဟုတ်တော့ပေ။ သို့သော်လည်း သူမသည် ယခုအချိန်ထိ လီချန်းကို မျက်နှာသာမပေးခဲ့ပေ။ လီချန်းသည် ဒီကိစ္စကို ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမည်နည်း။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now