အပိုင်း(၂၁)

Start from the beginning
                                    

ဒီနေ့ ကြယ် တို့ အိမ် မှာ စာ ကျက် မယ် ဆို သော ကြောင့် လိုအပ် တာ လေး တွေ ရှိ လို့ ရှိ ရင် မမဝင်း ကို လုပ် ခိုင်း ဖို့ ပြော မ လို့ ကြယ့် ရဲ့ အခန်း တံ ခါး ရှေ့ အရောက် ကြယ် နဲ့ မြူမှုန် နဲ့ ပြော နေသော ခပ် တိုး တိုး စကား သံ အချို့ ကို နားစွံရင်း သီ တာ လည်း စိတ်မကောင်း ဖြစ် ရ ချေ ပြီ။

လွန်းနဲ့ ကြယ် နဲ့ မတွေ့ ရ တာသုံးလ လောက် ရှိရော ပေါ့။ ဒီ ကြား ထဲ လွန်း လည်း သူ့ မောင် မင်္ဂလာ ဆောင် ကိစ္စ တွေ နှင့် ရှုပ် ထွေး နေတာ ကို ကျွန်မ လည်း အသိ လေ။ သူ့မောင် မင်္ဂလာဆောင် က လည်း သီတင်းကျွတ် ပြီး ကတည်း က အားချင်း စီစဉ် လိုက် သော ကြောင့် လွန်း မှာ လည်း မအား နေခဲ့ ပါ။မင်္ဂလာပွဲက အပြန် လွန်းရဲ့ ကား ပေါ် မှာ လက်ဖွဲ့ ပစ္စည်း တွေတင် လိုက် သော ကြောင့် ကျွန်မ နဲ့ နှစ်ယောက် ထဲ ကား ပေါ် မှာ ရှိ ချိန်တွင် တော့ လွန်း က ကျွန်မအား ဝန် ခံ ခဲ့ လေသည်။ သူနှင့်ကြယ် ချစ်သူ တွေ ဖြစ် နေတဲ့ အကြောင်း ကို ပေါ့ လေ။

ထိုအကြောင်း တွေ ကို ပြော နေသော လွန်း ရဲ့ မျက်နှာ လေး ကို နှစ် ပေါင် း များ စွာ ခင် မင် လာ သော ကျွန်မ အဖို့ တကယ် မမြင် ဖူး ခဲ့ တာ အမှန် ပါ။ကျွန်မရဲ့ စိတ် ထဲ မှာ တော့ လေး နက် လွန်း တဲ့ သူ့ ရဲ့ ချစ် ခြင်း တရား တွေ ကို လေးစား မိ တာ တော့ အမှန်ပင်။

အခုလည်း တူမ ဖြစ်သူ ကြယ့် ရဲ့ စကား သံ အချို့ ကို ကြား ပြီး စိတ်မကောင်း ဖြစ် မိသ လို သနား သ လို လို တောင် ဖြစ်မိတယ်။ လွန်း န‌ဲ့ ကြယ့် ရဲ့ ချစ် ခြင်း ဖြောင့် ဖြူး ပါ စေ လို့ ဆုတောင်း မိ လေ တော့ သည်။

_______________________________________

အလုပ် တွေ ရှုပ် နေ ခဲ့ တာ ကြယ် နဲ့ မတွေ့ ရ တာ သုံး လ တောင် ရှိနေပြီ။ မြစ်ငယ် က ပြန် လာ ကတည်းက ဆို ပါ တော့ ။ ကလေး လေး က တော့ လွန်း ကို စိတ်ကောက် နေ ပြီ လား မသိ။ ရတ‌ီ နဲ့ ဝတီ ကို တော့ ကြယ့် အကြောင်း လေး တွေ စနည်း နာ မိ ပါ တယ်။ လွန်းရဲ့ ကလေး လေး ကျောင်း ကို ပုံမှန် တက် ရဲ့ လား လို့ ပေါ့ လေ။ ကလေး တွေ က တော့ လွန်း ကျောင်း ကို နေ့ တိုင်းလာ သည့် အကြောင်း တွေ ပြော ရှာ ပါ လေ သည်။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now