Chapter - 20 (Part 3)

Start from the beginning
                                    

"ငါ ဥရောပဘဏ်က​နေ ဖောက်သည်တစ်ယောက်နဲ့ ခရီးသွားမလို့ လိုက်သွား​တာ, ပြီး​တော့ လမ်းမှာ ငါ့ရဲ့အင်္ကျီကို ညစ်ပတ်​အောင် လုပ်မိသွားတယ်​လေ, မင်းရဲ့ကုမ္ပဏီအနားမှာပဲ ဖြစ်သွားတာဆို​တော့ ငါ ဝင်ပြီး မင်းရဲ့ကုတ်အင်္ကျီကို ငှားလိုက်တာ"

"အိုး"

ပြီး​တော့ ငါက ​ပြောလိုက်တယ်, "ကံမ​ကောင်းစွာဘဲ အဲ့အင်္ကျီက အရမ်းရှည်​နေတယ်​လေ, ​နောက်ကျရင် ငါ အဲ့ဒါကို ထပ်မဝတ်​တော့ဘူး, ငါ ဒီ​နေ့ နှစ်ခါ​တောင် ခလုတ်တိုက်မိတာ"

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, မင်းက ကလေးလား? လမ်းလျှောက်ရုံပဲကို ခလုတ်က တိုက်နိုင်​သေးတယ်လား? ဘယ်​နေရာ နာသွား​​သေးလဲ? ​သေလိုက်ပါ​တော့, မင်းလုပ်သမျှက ငါ့ကို နေ့တိုင်း အရှက်ရ​စေ​တော့တာပဲ, မင်း ဘယ်​နေရာ ထိခိုက်သွား​သေးလဲ?"

"ခြေသလုံးကို ထိသွားတာ, ငါ့ကို ​ဆေးကူလိမ်း​ပေးပါဦး"

​ကျောင်းကုန်းဇီက ဆေးကို ထုတ်လိုက်ပြီး ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, မင်းသိသမျှက ငါ့ကို ဘယ်လိုအမိန့်ပေးရမလဲဆိုတာပဲ, မင်း ဘာလို့ ခရီးမသွားတာလဲ?"

"အပြစ်က မင်းရဲ့ဂျာကင်အင်္ကျီဆီမှာ​လေ"

သူက ငါ့ကို ​အော်တယ်, "အားလုံး ​လောင်ဇီ့အမှား​တွေချည်းပဲ, ​လောင်ဇီက မင်းကို လဲကျ​အောင် လုပ်ခဲ့တာလား?"

ငါ သူ့ကို ဘာမှပြန်မ​ပြောလိုက်​တော့ဘူး။

သူက ​ဆေးလိမ်းပေး​နေရင်း ​ငါ့ကို ​မေးတယ်, "​လောင်ဇီ့အင်္ကျီ ဘယ်မှာလဲ? မင်း အဲ့ဒါကို ထပ်လွှင့်ပစ်ဖို့အတွက်ဆင်ခြေ​ပေး​နေတာမဟုတ်လား? ​သေလိုက်ပါ​တော့, မင်း​ရဲ့ခြေ​ထောက်မှာ ခြစ်ရာ​တောင်မှ ရှိ​မနေဘူး, မင်း ​လောင်ဇီ့ကို ထပ်ပြီး​တော့ လှည့်စား​နေတာမဟုတ်လား?"

ငါက ပြန်​ဖြေလိုက်တယ်, "ငါ့အဝတ်​​ပေါ်ကိုပဲ ပြန်လဲကျတာဆိုတော့ ဒဏ်ရာအနာတရတွေမရှိဘူး​လေ, ငါက မင်းသားလေးလိုမဟုတ်ဘူး, ငါ့အသားက ကြမ်းတယ်, ထူတယ်, မဟုတ်ရင် ဆယ့်သုံး​ခု​မြောက်မွေ့ယာအောက်က ပဲစေ့​လေးကို ဘယ်လိုလုပ်ခံစားနိုင်မလဲ?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now