EP.16

6K 124 0
                                    

[Zawgyi]
🍑ကီရာ 🍑

     💦ep.16💦
(ဤဇာတ်လမ်းသည် စာရေးသူရဲ့ စိတ်ကူးဖြင့် ဖန်တီးထားခြင်းသာ)

""ဒေါက်တာ..ကီရာက ဘာဖြစ်တာလဲ..""

အီဟန်က စိုးရိမ်တကြီးနဲ့မေးလိုက်တယ်။

""ဟုတ်ကဲ့..လူနာက ယားနာ‌ဆေး.နဲ့.ဓာတ်မတည့်လို့..အခုလို ဖြစ်သွားတာပါ..''

""ယားနာဆေးနဲ့ဓာတ်မတည့်လို့ ဟုတ်လား...""

""ဟုတ်ပါတယ်..ကြည့်ရတာ..လူနာ သောက်မဲ့ စားမဲ့ အစားစာထဲကို တစ်စုံတစ်ယောက်က ယားနာဆေး တွေထည့်ခဲ့တဲ့ပုံပါဘဲ ..တော်ပါသေးတယ်..လူနာကို အချိန်မှီ ဆေးရုံကိုခေါ်လာလို့ပေါ့..နည်းနည်းလေးသာ နောက်ကျသွားမယ်ဆိုရင်....လူနာက အသက်ရှုကြပ်ပြီး..
အသက်ဆုံးရှုံးသွားနိုင်တယ်..'"

""ဗျာ...အဲ့လောက်ထိတောင်..ဖြစ်သွားနိုင်တာလား..""

""ဟုတ်ပါတယ်..ဓာတ်မတည့်တဲ့ လက္ခဏာမျိုးက အရမ်းကြောက်ဖို့ကောင်းပါတယ်။ သူတို့နဲ့ ဓာတ်မတည့်တဲ့ အစားစာမျိုးကို စားမိတဲ့ ပမာဏအလိုက် အသက်အန္တာရာယ်ရှိတာမျိုးပါ..'""

""တောက်...ဘယ်လိုလူကများ..ကီရာကို ယားနားဆေးနဲ့ လုပ်ကြံတာဖြစ်မလဲ..""

အီဟန်က ဒေါသတကြီးနဲ့ ရေရွတ်လိုက်တယ်။

""အီဟန်..ငါစဉ်းစားမိတဲ့ လူတစ်ယောက်တော့ရှိတယ်.'"

ဟုဇီနွန်က စဉ်းစဉ်းစားစားနဲ့ပြောလိုက်တယ်။

'"ဘယ်သူလဲ..""

""ဂျန်ဆယ်..""

""ဘာ..""

""ဟုတ်တယ်..ကမ်းခြေမှာ ကီရာကို မုန်းတီးပြီး အခုလိုမျိုး လုပ်နိုင်တဲ့  သူက ဂျန်ဆယ်ကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး .""

ဇီနွန်က ယတိပြတ် ခိုင်မာစွာနဲ့ ဆိုလိုက်တော့ အီဟန် အသာငြိမ်ပြီး တွေးတောနေတော့သည်။

""အင်း..မင်းပြောတာ ဖြစ်နိုင်တယ်..ဂျန်ဆယ်က..ငါနဲ့ပတ်သက်ပြီး ကီရာကို အမြင်မကြည်ဖြစ်နေနိုင်တယ်..ဒါပေမယ့်..ဂျန်ဆယ်က ကီရာကို အခုလောက်ထိ ဒုက္ခရောက်အောင် လုပ်လိမ့်မယ်လို့လဲ ငါမထင်ဘူး..""

""အီဟန် .မင်းပြောတာလဲ မှန်ပါတယ်..ဂျန်ဆယ်က ကီရာကို ပါတီပွဲထဲမှာ အရှက်ကွဲရုံလောက်ဘဲ ဖြစ်အောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ ဖြစ်မယ် .ဒါပေမယ့်..ကီရာက..ယားနာဆေးနဲ့ ဓာတ်မတည့်ဘဲ .အခုလိုအခြေနေထိ ဖြစ်သွားတာဘဲ နေမှာ..""

ကီရာWhere stories live. Discover now