ဟု ကီရာက ပေါ့ပါးစွာနဲ့ပြန်ဖြေလိုက်တယ်။

""ဟင်း..ဘာဘဲဖြစ်ဖြစ်..ကိုယ့်အပြစ်မကင်းသလိုမျိုးခံစားနေရတာတော့အမှန် ဘဲကီရာ..ကိုယ်ကြောင့်သာ မဟုတ်ခဲ့ရင်...မင်းလဲ အီဟန်နဲ့ ဆုံတွေ့ခဲ့မှာမဟုတ်ဘူး..""

ဟု ဇီနွန်က..အပြစ်မကင်းတဲ့လေသံမျိုးနဲ့ဆိုလာပြန်တယ်။

""အဟင်း..နောက်ပြီး..ကျွန်တော်လဲ..သူဌေးပေါက်စ ဖြစ်လာမှာမဟုတ်တော့ဘူးလေ..ဟီး..ဟီး.."'

ကီရာက ထပ်မံ၍ အရွှန်းဖောက်ကာနဲ့ ပြန်ဖြေလာပြန်တယ်။

ဇီနွန် ကီရာကို နားမလည်ဟန်နဲ့ ငေးစိုက်ကြည့်လိုက်တယ်။

""ကီရာ..မင်းကို အီဟန်က..သူစိတ်ကြိုက်ဆော့ကစားပြီးမှ..ရုတ်တရက်ကြီး ကန်ထုတ်လိုက်တာနော်..အဲ့ဒါကို မင်းဘက်က ဘယ်လိုမှ မခံစားရဘူးလား..""

ဟု ဇီနွန်က ပွင့်ပွင့်လင်းလင်းနဲ့ဘဲ မေးမြန်းလိုက်တယ်။

ဇီနွန်အမေးစကားကြောင့် ကီရာမှာ အသာပြုံးတုံ့လိုက်ရင်း..

""ကျွန်တော်ဘက်က ခံစားစရာလိုသေး
လို့လား..မစ္စတာဇီနွန်..မစ္စတာအီဟန်နဲ့ကျွန်တော်က sex Partner တွေလေ.ချစ်သူရည်းစားတွေမှမဟုတ်တာ..မစ္စတာအီဟန်လိုအပ်နေတဲ့အသွေးသား ဆန္ဒတွေကို ကျွန်တော်က အခကြေးငွေယူပြီး. ဖြည့်စည်းပေးရုံလေးပါ..အဲ့ဒါထက် ဘာမှမပိုခဲ့ပါဘူး..""

ကီရာက အရိုးရှင်းဆုံးနဲ့ ပြန်ဖြေလိုက်တယ်။

""အဟင်း..ကီရာ..မင်းကလေ..အတော့်ကို ထူးဆန်းတဲ့ ကောင်လေးဘဲ..အီဟန်အရင်ကတွဲခဲ့ဖူးတဲ့လူတွေနဲ့.မင်းက မတူဘူး..""

"ဘယ်တူမလဲ..ကျွန်တော်က ကျွန်တော်လေ..သူတို့မှမဟုတ်တာ.."""

ဟု ကီရာက သွက်သွက်လက်လက်လေးဘဲပြန်ပြောလိုက်တယ်။

အဲ့ဒီအချိန်မှာဘဲ စားပွဲထိုးလေးက ဟင်းပွဲတွေလာချပေးနေတာမို့လို့ ပြောလက်စ..စကားများပျက်သွားတော့တယ်။

"'ကဲ..စား..ကီ..ဒီဆိုင်ရဲ့ အမဲသား steak က အရမ်းအရသာရှိတယ်..""

ကီရာအနားမှာရှိတဲ့ ဖန်ခွက်လွတ်ထဲ ဝိုင်တချို့ကို လောင်းထည့်ပေးရင်းနဲ့ ဇီနွန်က ဆိုသည်။

ကီရာWo Geschichten leben. Entdecke jetzt