""ဟုတ်တယ်...ဘာလဲ.နည်းနေသေးလို့လား...""

""ဟာ..မနည်းပါဘူး..ကျွန်တော်ရသင့်တယ် ၀န်ဆောင်ခ ထက် အများကြီးပိုနေလို့ပါ..."

"" မပိုပါဘူး..အဲ့ကိန်းဂဏန်းက မင်းရသင့် ရထိုက်တဲ့ ပမာဏပါဘဲ..""

"ဒါဆိုရင်လဲ..၀မ်းမြောက်ဝမ်းသာစွာနဲ့.ဘဲ.ကျွန်တော် လက်ခံလိုက်ပါ့မယ်...""

ဟု ကီရာက ပေါ့ပါးစွာဆိုလိုက်တယ်။

ဘာမှထွေထွေထူးထူး တစ်စုံတစ်ရာမခံစားရတဲ့ပုံမျိုးနဲ့ ကီရာက သူရဲ့လမ်းခွဲမှုကို အေးအေးဆေးဆေးနဲ့လက်ခံလိုက်တော့ အီဟန် အနည်းငယ် စိတ်မသက်မသာနဲ့ အလိုမကျဖြစ်လို့နေခဲ့တယ်။

သူတွဲခဲ့ဖူးတဲ့ လူတိုင်း..အခုလိုလမ်းခွဲ
‌ခါနီးဆို..မျက်ရည်လည်ရွဲနဲ့..သူအနား အတင်းကပ်တွယ်ပြီး..အသနားခံကြတာချည်းဘဲလေ..။

အခု ကီရာက အဲ့လိုမဟုတ်တဲ့အပြင်..၀မ်းနည်းတဲ့ အရိပ်ယောင်မျိုးတောင် မပြဘဲ..အေးအေးလူလူနဲ့..အသာတကြည်လက်ခံလိုက်တာဆိုတော့.အီဟန် အနေနဲ့ အရမ်းဘဲ ဘ၀င်မကျဖြစ်နေတော့တာပေါ့..။

အရင်က လူတွေဆိုရင်...သူခါချခဲ့ပြီးတာတောင်မှ..သူ့အနား အတင်း တွယ်ကပ်နေလို့..သူအရမ်းဘဲ စိတ်ညစ်နေခဲ့ရတာ..အခု.ကီရာနဲ့ကျမှ..ပြောင်းပြန်..သူကို အတင်းမတွယ်ကပ်ရကောင်းလားဆိုပြီး..စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်နေရတယ်။

ဒါဟာ ဘာကြောင့်လဲ..။ အီဟန်မျက်စိရှေ့မှာတင် အဖြေက ထင်းထင်းကြီး တည်ရှိနေပေမယ့်. အဲ့အဖြေကို အီဟန်က အတင်းဘဲငြင်းဆန်နေခဲ့မိတယ်။

ကီရာကို ခါချလိုက်မိတဲ့အပေါ်မှာ..သူနောင်တမရဖို့အတွက်ကို ဘုရားဆီမှာဘဲ တိတ်တိတ်လေး ဆုတောင်းနေမိတော့တယ်။

အဲ့ဆုတောင်းလေးက လုံးဝမပြည့်ခဲ့ဘူးဆိုတာကို အီဟန် ချက်ချင်းဘဲ ရိပ်မိလိုက်ပါတယ်။

သူတို့နှစ်ဦး ညစာကို ကောင်းမွန်စွာ စားသောက်လို့အပြီးမှာ..ကီရာက..အီဟန်ကို ပေါ့ပါးပျော်ရွှင်စွာနဲ့ စကားဆိုရင်း သူနဲ့လမ်းခွဲခဲ့ပါတယ် ။

'"မစ္စတာအီဟန်.ခင်ဗျားလုံးဝ စိတ်မပူပါနဲ့..ကျွန်တော်က ခင်ဗျားတွဲခဲ့ဖူးတဲ့ လူတွေလို မဟုတ်ပါဘူး..ဒီနေ့ကစပြီး..ခင်ဗျားရဲ့အနားမှာ အတင်းတွယ်ကပ်နေပြီး ခင်ဗျားကို စိတ်အနှောင့်ယှက်ဖြစ်အောင် ကျွန်တော် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး...
လမ်းမှာမတော်တဆ ဆုံမိရင်လဲ..ကျွန်တော်ကို ခင်ဗျားအနေနဲ့..မသိချင်ယောင်ဆောင်သွားလို့လဲ ရပါတယ်..ဒါမှမဟုတ် မိတ်ဆွေဟောင်းတစ်ဦးလို သဘောထားပြီးလဲ..နုတ်ဆက်ချင်တယ်ဆိုရင်လဲ နုတ်ဆက်နိုင်ပါတယ်..အရာအားလုံးအတွက်ကိုလဲ..ကျေးဇူးတင်ပါတယ်.."'

ကီရာWhere stories live. Discover now