""ဟုတ်ကဲ့..""

""ဖုန်းတွေမှာ error တက်လာရင် ဘာလုပ်သင့်သလဲ..""

အဆက်စပ်မရှိ မေးမြန်းလာတဲ့ အီဟန်ရဲ့မေးခွန်းကြောင့် ကီရာ အနည်းငယ် ကြောင်အန်းသွားလေသည်။

""ဟမ်..ဖုန်းတွေမှာ error တက်လာတယ်ဆိုရင်..ဖုန်းပြင်ဆိုင်ကိုအမြန်ပို့ပြီး..ပြင်သင့်တယ်လို့..ထင်တာဘဲ...""

ကီရာက‌ တွေးတွေးဆဆလေးနဲ့ ပြန်ဖြေလိုက်တယ်။

""အင်း.ကီရာ.အဲ့လိုဘဲ.မင်းက..ငါ့ရဲ့ပြီးပြည့်စုံနေတဲ့ ကမ္ဘာထဲမှာ ရုတ်တရက် ဖြစ်တည်လာတဲ့.. errorတစ်ခုဖြစ်နေတယ်..""

""ဗျာ..."""

အီဟန်ပြောလာတဲ့ စကားများကြောင့် ကီရာမှာ နားမလည်ဟန်နဲ့ အံ့အားသင့်လို့နေတယ်။

"''အဲ့ဒါကြောင့်မို့..ငါမင်းကို ထပ်ပြီး မလိုအပ်တော့ဘူး..ဒီမှာ..မင်းရဲ့ ၀န်ဆောင်ခ..ကိုယ် မင်းအတွက် မနစ်နာအောင် ထည့်ပေးထားတယ်..""

ဆိုပြီး..ချက်လက်မှတ်တစ်စောင်ကို ကီရာဆီ ထိုးပေးလာတယ်။

ကီရာလဲ ယောင်နနလေးနဲ့ ချက်လက်မှတ်ကို လှမ်းယူလိုက်တယ်။

""Wow..ဒါကတော့.လုံးဝကို Surprise ဖြစ်သွားပြီ...""

ကီရာက စိတ်လှုပ်ရှားစွာနဲ့ ဆိုလိုက်တယ်။ အီဟန်က တစ်နေ့မဟုတ် တစ်နေ့တော့ သူ့ကို မလိုအပ်တော့ဘူးဆိုတာကို ကီရာ သိထားပေမယ့်..အခုဟာက.ရုတ်တရက်ကြီးမို့..ကီရာ အနေနဲ့Surprise ဖြစ်သွားဝာာတော့အမှန်..။

မနေ့ညကမှ သူကို အသည်းသန် ချစ်ပြီး..သူနဲ့ လိင်မဆက်ဆံရရင် မနေနိုင်တော့တဲ့ ပုံစံမျိုး ပေါက်နေခဲ့တဲ့..အီဟန်က..အခုသူ့ကို မလိုအပ်တော့ဘူး ပြောလာတော့..ကီရာအနေနဲ့ ယုံရအခက် မယုံရအခက်ဖြစ်နေခဲ့တယ်။

ဘာဘဲဖြစ်ဖြစ်ပါလေ .အီဟန်နဲ့ ပတ်သက်နေတာက..အလုပ်သဘောအရဘဲမို့ ကီရာအနေနဲ့ ထွေထွေထူးထူး ၀မ်းနည်းမနေတော့ဘူး..။

အီဟန်ပေးလာတဲ့ ချက်လက်မှတ်ပေါ်က..ကိန်းဂဏန်းတွေကို ကီရာ ရေတွက်ကြည့်လိုက်တော့...

""သိန်း၂ထောင်...""

ကီရာက မျက်လုံးအဝိုင်းသားနဲ့ ရေရွတ်လိုက်တယ်။

ကီရာWhere stories live. Discover now