တစ်နေ့တည်းနဲ့ ကီရာ မှာ ဝိတ်တက်သွားမလားလို့တောင်စိုးထိတ်နေရတော့သည်။

တစ်ခုထူးခြားသည်က..ဒီလောက်ကြီးကျယ်ခန်းနားနေသည့် အိမ်တော်ကြီးထဲမှာ...အီဟန်တစ်ယောက်တည်းသာ..နေခြင်းဖြစ်သည်။

အီဟန်ရဲ့မိဘ ..ညီအစ်ကိုမောင်နှမ
မဆိုထားနဲ့..ဆွေမျိုးတော်စပ်သည့်..သူတစ်ယောက်မှကို မရှိတာပါ။

သို့ပေမယ့်...အစောင့်တွေ..အိမ်စေတွေနဲ့..စားဖိုမှူးအန်ကယ်မာရင်းအပါဝင်..စုစုပေါင်း..အယောက်၂၀မျှ
တော့ရှိသည်။

ကီရာ တွေးနေမိတာက..အီဟန်လို တစ်ကိုယ်တည်းသမားအတွက်..ဒီလောက် ကြီးကျယ်ခန်းနားတဲ့..အိမ်တော်ကြီးရယ်..ဒီလောက်ထိများပြားလှတဲ့..အလုပ်သမားတွေကို လိုလို့လားပေါ့.။

တစ်နေကုန်..ကုမ္ပဏီထဲမှာဘဲ.အချိန်ကုန်နေပြီး.ညပိုင်းလေးဘဲ.အိမ်ပြန်လာရတာလေ . ။

သူ့အတွက်..ဒါတွေ မလိုအပ်ဘူးလို့..ကီရာကတော့ ထင်မိသည်။

နေ့တစ်ပိုင်းမျှသာ ရှိသေးသည် ။
ကီရာအနေနဲ့..အထီးကျန်လာသလို..မျိုးတောင် ခံစားနေရသည်။

အပြင်မှာ သူငယ်ချင်းတွေ ဖောက်သည်တွေနဲ့..ပျော်ပျော်ပါးပါး လည်ပတ်ခဲ့သည်များ တွေးမိပြီး..ကီရာအနည်းငယ် စိတ်တို့ ထိုင်းမှိုင်းနေလျှက်ရှိသည်။

အီဟန်နဲ့ ကတိပေးထားတဲ့ 1လ လုံးလုံး ဒီအတိုင်းကြီးဘဲ..နေရတော့မှာလား..ဟု တွေးရင်း ကီရာစိတ်တွေ ယောက်ယက်ခတ်လို့နေသည်။

""သခင်လေးကီရာ..""

""ဗျာ..ဗျာ..ကျွန်တော်ကို ခေါ်တာလား..""

""ဟုတ်ကဲ့...boss အီဟန်
ဆီကနေ ဖုန်းလာလို့ပါ.
.bossက..သခင်လေးကီရာနဲ့ ဖုန်းပြောမယ်ဆိုလို့..လာခေါ်တာပါ..""

"""ဪ...ဟုတ်..ဟုတ်ကဲ့.."""

ကီရာလဲ..လာခေါ်တဲ့.အလုပ်သမားလေး နောက်ကို ထလိုက်လာခဲ့သည်။

""ဟဲလို..မစ္စတာအီဟန်. ကျွန်တော်..ကီရာပါ..""

""အိုး...ဘေဘီ..ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာကွာ..ကိုယ့်နားထဲမှာ.စိမ်းသက်သက်ကြီးနဲ့...ကိုယ့်ကို..မစ္စတာအီဟန်ဆိုပြီး ..မခေါ်ပါနဲ့လားကွာ..""

ကီရာWhere stories live. Discover now