Soobin-ငါ့တို ကျန်သောင်းပန်ရိုက်သော့
ထရန်စလိတ်- (ငါ့ကိုပြန်တောင်းပန်လိုက်တော့။)

Yeonjun- တောင်းပန်ပါတယ်။

Soobin- ထွင့်မရွတ်ဖူး။
ထရန်စလိတ်- (ခွင့်မလွှတ်ဘူး )

Yeonjun- ငါဘာပြန်လုပ်ပေးရမှာလည်း။

Soobin- ငါချာယေးပေးခက်နယ်။
ထရန်စလိတ်-(ငါစာရေးပေးခဲ့မယ်။)

Yeonjun- အွန်းအွန်း ။

Taehyun Pov:

-သူတို့သာနားမလည်တာ အမွေစိန်အချင်းချင်းကြတော့နားလည်သည်။ တစ်ယောက်တစ်ခွန်းဘဲပြန်မေးနေစရာတောင် မလိုဘူး။ ငါတို့ကျတော့...ဟွန့်။-

Boram- အဲ့ဒါတွေထက် စီနီယာYeonjunတော့ကြိတ်မုန်းခံနေရပြီ။ သိသိသာသာလည်း မမုန်းပြဘူး။ ခိုးကြောင်ခိုးဝှက်နဲ့.... ပြီးတော့ noonaဖုန်းက အခိုးခံရတာဖြစ်နိုင်တယ်။ soobinစာကိစ္စကတော့ဘယ်လိုသိလည်းမသိ...။

Yeonjun- မုန်းပေါ့ဟာ....။ ငါက ​​ောက်ဂရုစိုက်နေရမှာလား။ ဒီလိုဘဲ လူတိုင်းကတော့ ငါတို့ကိုမုန်းကြတာဘဲ။ ထုတ်မပြတာဘဲရှိတာ။ ရုပ်ရည်အခံရှိတဲ့သူဌေးသားတွေလည်းဖြစ်နေတာကိုး....။

Boram- အော်...ဟုတ်။

Soobin- ဒီရာ...။
ထရန်စလိတ်-( ဒီမှာ။ )

-boramနဲ့စကားပြောနေတုန်း အနောက်ကပုတ်ကာ စာရွက်လေးတစ်ရွက်ပေးသွားပြီး နဂါးမျက်စောင်းဖြင့်ကြည့်ကာ လှည့်ထွက်သွားသည်။ ရေးထားသည်က...

"နောက်နေ့ကစပြီး စီနီယာ ဂျူနီယာသဘောမျိုးဘဲနေမယ်။ ရန်လာမစနဲ့။ ရင်းရင်းနှီးနှီး နေရမယ်။ ခင်ဗျားကိုရန်စရတာ ပျင်းလာပြီ။  အဲ့လိုမလုပ်နိုင်ရင် ခွင့်မလွှတ်ဘူး ။ နောက်ပြီး soobinမျက်စောင်းအကြောင်းမရွေးဘူးနော် ။ "

Hyunjin- အမယ်လေး...အပြစ်ဒဏ်တဲ့လားကွာ။

-Hwang Hyunjinပြောတာကိုကြားလိုက်သည်။ ဒါပေမဲ့သူပြောတဲ့အပြစ်ဒဏ်ဆိုတာ ကိုယ့်အတွက်တော့ ခက်ခဲသည်။ မတည့်အတူနေ မမြင်ချောင်းကြည့်နေကြ လူတွေဆိုတော့ တည့်တည့်တန်းတန်းနဲ့ ရင်းရင်းနှီးနှီးနေရမှာ ခက်သည်။ -

-သူတို့ထိုကဲ့သို့စကားပြောနေစဥ် ကျောင်းဆောင်အနောာက်ဘက်က လူတစ်ယောက်က ကြည့်နေခဲ့သည်ဆိုတာကိုတော့ ဘယ်စူမှသတိမထားမိကြ။ -

"မင်းလို သူဌေးသားဆိုပြီး ဘဝင်မြင့်နေတဲ့ကောင်က ငါတို့ soobinနဲ့လာပတ်သတ်တယ်ပေါ့။ မင်းရဲ့သူဌေးသား ဂုဏ်ကိုငါချပြမယ်။ soobinကိုထိုးတဲ့အတွက်လည်း အပြစ်ဒဏ်ပေးရလိမ့်မယ်။ ဟက်!"
.
.
.
------------------------------------------------------------------

*Forever*

ဒီအပိုင်းလေးက တိုပါတယ်။  ပထမပိုင်းက Yeonbinနှစ်​ယောက်ရဲ့အလွဲလေးဘယ်လိုပြနအဆင်ပြေသွားပြီး ဘာတွေထပ်ရှုပ်ဦးမလည်းဆိုတာ လာပြတာပါ😆

#Jerry

Forever[Completed]Where stories live. Discover now