အပိုင်း(၃၅)

Start from the beginning
                                    

အရွယ်ရောက်ပြီး‌သော နို့စားနွားမများသည် ၎င်းတို့၏နယ်မြေအတွင်း စိမ်ပြေနပြေ လမ်းလျှောက်နေကြသည်။ ဂျပန်နွားနက်များသည် အတော်လေးတက်ကြွနေပြီး ပတ်ဝန်းကျင်အသစ်ကို စဉ်ဆက်မပြတ် စူးစမ်းနေကြသည်။ နို့စားသိုးများ ၊ Ujimqin သိုးများနှင့် တိုင်ဟူဝက်နက်များသည် ၎င်းတို့၏ သက်ဆိုင်ရာဧရိယာများတွင် လမ်းလျှောက်နေကြသည်။

အသားမြက်သည် သူတို့၏ အစာဖြစ်သည်ကိုတော့ အားလုံးသိကြ၏။ အသားမြက်က ဘာလဲဆိုသည်ကို မသိလျှင်ပင် အသားမြက်မှထွက်လာသည့် စွဲမက်ဖွယ် ရနံ့ကို အနံ့ခံလိုက်သည့်အခါ အသားမြက်ဆီသွားပြီး မြည်းစမ်းမကြည့်ဘဲ မနေနိုင်ကြပေ။

ကံကောင်းစွာဖြင့် အသားမြက်သည် အဆင့် ၁ စိတ်ဝိညာဉ်ရတနာဖြစ်ပြီး ကုန်အောင်စားပြီးနောက် ရက်အနည်းငယ်အတွင်း ပြန်ပေါက်ကာ ရင့်ကျက်လာမည်ဖြစ်သည်။ ဤစက်ဝန်းသည် အပြန်အလှန်လည်ပတ်နေသဖြင့် အသားမြက် မလုံလောက်မည်ကို ပူပန်နေစရာမလိုအပ်ချေ။

စိုက်ပျိုးရေးဧရိယာကို ကြည့်လိုက်ပါက စပါးပင်များသည် မနေ့ကထက် အနည်းငယ် ပိုမြင့်လာပြီး ဂျုံ၊ ပြောင်း၊ စားတော်ပဲများသည်လည်း လျင်မြန်စွာ ကြီးထွားလာနေသည်။ မျိုးစေ့နှင့် ပျိုးပင်များရောင်းလိုက်သူသာ ဤမြင်ကွင်းကို တွေ့လိုက်ရပါက တုန်လှုပ်သွားမည်မှာ သေချာသည်။

ဤသို့သော အခြေအနေမျိုးက "စိတ်ကူးတောင်မယဉ်ဖူးဘူး" ဟူသည့် စကားဖြင့်သာ ဖော်ပြနိုင်မည်ဖြစ်သည်။ သို့သော်လည်း ကျန်းဟန်သည် ဤသို့သော အခြေအနေမျိုးကို ကျင့်သားရနေပြီးသားဖြစ်သည်။

ကျန်းဟန်၏မျက်လုံးထဲတွင် လခြမ်းတောင်ကို ရတနာနယ်မြေတစ်ခုအဖြစ် မသတ်မှတ်ပေ။ အမှန်တကယ် ရတနာနယ်မြေသာ ဖြစ်ပါက ထိုသို့သော ရိုးရှင်းသည့်အရာ မည်သို့ဖြစ်နိုင်မည်နည်း။

အိမ်မွေးတိရိစ္ဆာန်ဧရိယာသည် အလွန်သက်ဝင်နေသည်။ မုန့်မုန့်သည် မြက်ချုံပုတ်ပေါ်တွင် ထိုင်ကာ အရုပ်များကို ခွေးကလေးများဆီသို့ ပစ်ချနေသည်။

သူမ၏ရင်ခွင်အတွင်း၌ အမွှေးထူသည့် တီးကပ်ပိုဒယ်တစ်ကောင်၊ သူမ၏ဘေးတွင် ဖိနပ်ကြိုးနှစ်ဖက်ကိုကိုက်နေရင်း သူမအားတိုးဝှေ့ပူးကပ်နေသည့် ဂိုးဒင်းရီတရီဗာ၊ ခပ်ခွာခွာနေသည့် ‌ချောင်ချောင်သည်တော့ မြေပြင်ပေါ်တွင်လဲလျောင်းနေပြီး အခြားခွေးများသည် အရုပ်များဖြင့် သူတို့စိတ်ကြိုက် ဆော့ကစားနေကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now