အပိုင်း(၃၂)

Start from the beginning
                                    

မှန်ပေသည်။ အရာအားလုံးတွင်တော့ အကြွင်းမဲ့မဟုတ်ချေ။ တစ်ချိန်လုံး တက်ကြွနေကြသည့် လူကြီးများလည်းရှိပါသေးသည်။

လက်ရှိကို ပြန်သွားရသော်။
ကျန်းဟန်၏စကားကိုကြားသည့်အခါ ဇီယန်သည် အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

"နောက်တော့ ရှင်မတော်တဆမှုတစ်ခုကြောင့် ကျန်းမိသားစုက နှင်ထုတ်ခံရတယ်လို့ ကျွန်မကြားတယ်။ အစက ရှင့်ရဲ့စိတ်နေစိတ်ထားကြောင့် တခြားနေရာကိုထွက်သွားမယ်လို့ထင်ခဲ့ပေမဲ့ ရှင် ပေကျင်းမှာ ဇွတ်တရွတ်နဲ့ ၅ နှစ်လောက်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ရှင့်မှာ အဲဒီ သခင်လေး ဆိုတဲ့ ‌ကျောရိုးက ရှိနေတုန်းပဲ ထင်တယ်"

"ငါလုပ်ရမယ်လို့ ခံယူထားတဲ့အရာတွေကို တောင်နံရံကိုဝင်ဆောင့်မိနေရင်တောင် နောက်ပြန်မလှည့်ပဲ ဆက်လုပ်နေမှာပဲ" ကျန်းဟန် ခပ်တိုးတိုးရယ်ရင်း ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့နှစ်ဦး၏လေထုမှာ အနည်းငယ်သိမ်မွေ့နေပြီး ရင်ဘတ်ချင်းစကားပြောသည့် သူငယ်ချင်းနှစ်ဦး၏ ပထမဆုံးအကြိမ်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက် ထိုသို့စကားပြောသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

"ဟုတ်သားပဲ။ အရင်က မင်းအရမ်းနာမည်ကြီးခဲ့တာပဲ။ ဘာလို့ အနားယူပြီး မုန့်မုန့်ကို မွေးဖို့ ‌ရွေးချယ်ခဲ့တာလဲ" ကျန်းဟန်မေးလိုက်သည်။ ဇီယန်၏လုပ်ရပ်များကို သူတကယ်နားမလည်ခဲ့ပေ။ အကြောင်းမှာ ယနေ့ခေတ်တွင် ကိုယ်ဝန်ဖျက်ချခြင်းသည် အလွန်သာမန်ဖြစ်လွန်းသည်။ ကိုယ်ဝန်ဖျက်ချရန် ဆေးရုံသို့သွားလျှင်ပင် တန်းစီနေရရုံသာရှိမည်။ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကို ချက်ချင်း ရရှိနိုင်တော့မည့် ဇီယန်သည် ကလေးမွေးဖို့ရွေးချယ်ချယ်ခဲ့သည်။ အမှန်ပင် ထူးဆန်းသည့် ခံစားချက်တစ်ခုရှိခဲ့ပေသည်။

"ကျွန်မ..." ဇီယန်၏အမူအရာမှာ ခဏရပ်တန့်သွားပြီး သူမ၏အမူအရာမှာ အနည်းငယ်ပျက်ရွင်းကာဖြင့် ဆက်ပြောလိုက်သည်။

"ကျွန်မ ငယ်ငယ်တုန်းက နေမကောင်းဖြစ်တယ်။ နောက်ပိုင်းကျရင် ကျွန်မ ကိုယ်ဝန်မရနိုင်တော့ဘူး ကံကောင်းရင်တော့ တစ်ကြိမ်တော့ရနိုင်တယ် လို့ ဆရာဝန်ကပြောတယ်။ ရှင်နဲ့ မတော်တဆအတူနေမိသွားပြီးတော့ နောက်ပိုင်းမှာ ကျွန်မ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်။ ကလေးကို ဖျက်ချဖို့ စဉ်းစားပေမယ့် အလောင်းအစားအလုပ်ရဲခဲ့ဘူး.."

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now