အပိုင်း(၃၂)

Start from the beginning
                                    

"ငါဘာတွေပြောင်းလဲလို့လဲ" ကျန်းဟန်သည် ဇီယန်ဘေးရှိ ထိုင်ခုံပေါ်တွင်ထိုင်လိုက်သည်။

ဇီယန်သည် ညစ်ပေနေသည့် သူ၏အဝတ်အစားများကိုတစ်လှည့် ထိုင်ခုံကိုတစ်လှည့်ကြည့်လိုက်သည်။ တခြားသူသာဆိုပါက ညစ်ညစ်ပတ်ပတ်ကြီးနဲ့ မထိုင်နဲ့ ဟု သူမ တားမှာသေချာသော်လည်း ကျန်းဟန်အား ဘာမှမပြောပဲ အနည်းငယ်တွေးတောလိုက်ပြီး ပါးစပ်ကိုဖြည်းညှင်းစွာဖွင့်ဟကာ ပြောလိုက်သည်။

"ရှင်က အဲဒီတုန်းက ပေကျင်းရဲ့ သခင်လေး ၄ ယောက်ထဲကတစ်ယောက်ပါ။ ရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ကျွန်မကြားပါတယ်။ ပေကျင်းမှာရှိတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေအားလုံးက ရှင်ဟာ ရန်လိုတယ်၊ မာနထောင်လွှားတယ်၊ အမြဲတမ်းပြသနာရှာတယ်၊ ရှင့်ဘေးမှာ မိန်းမလှလေးတွေ အမြဲရှိနေခဲ့တယ် လို့ပြောကြတယ်"

"ငယ်ငယ်ရွယ်ရွယ်ဆိုတော့ အဲဒီတုန်းက ကလေးဆန်တယ်။ ဒါပါပဲ" ကျန်းဟန်ခေါင်းယမ်းလိုက်သည်။

စကားတစ်ခွန်းကိုတောင် သတိရမိသွားသည်။ အရင်မျိုးဆက်လူကြီးများသည် မျိုးဆက်သစ်လူငယ်များကို လူငယ်လေးတွေ မရိုင်းစိုင်းကြနဲ့ဟု ပြောကြပေလိမ့်မည်။ ထိုအခါ မျိုးဆက်သစ်လူငယ်များက ပမာမခန့်မရှိပဲ ချက်ချင်းတုံ့ပြန်မည်။ ၎င်းကို လူငယ်များဟု ခေါ်ဆိုကြသေးလား။

ထိုစကားသည် လူတော်တော်များများ၏ အတွေးအမြင်ကို ဖော်ထုတ်ပြသခဲ့သည်။ လူတိုင်းသည် ငယ်ရွယ်စဉ်အချိန်များ ရှိခဲ့ဖူးသည်။ လူငယ်များသည် သွေးပူသည်။ ဆတ်ဆတ်ထိမခံ၊ သစ္စာစောင့်သိမှုကို အလွန်အမင်းအာရုံစိုက်ကြသည်။

မိမိ၏သူငယ်ချင်းတစ်ယောက် အနိုင်ကျင့်ခံရလျှင် လူငယ်များသည် ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ သူငယ်ချင်းဘေးတွင်ချက်ချင်းရပ်တည်ပြီး နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်များကို စဉ်းစားမနေကြဘဲ လိုက်ပါလာတတ်ကြသည်။ အသက်ကြီးလာသည်နှင့်အမျှ လူများသည် ထိန်းချုပ်မှုများရှိလာပြီး တစ်စုံတစ်ရာမပြုလုပ်မီ တွေးတောစဉ်းစားလာကြသည်။ ကူညီလိုစိတ်ရှိသော်လည်း အစွမ်းအစမရှိလျှင် အတင်းအကြပ် အစပြုလုပ်ဆောင်ကြမည်မဟုတ်ပေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now