အပိုင်း(၃၀)

Start from the beginning
                                    

ကျန်းဟန်သည် ပြုံးလိုက်ပြီး မုန့်မုန့်၏ပါးကို နမ်းလိုက်သည်။

"အိုက်ယားယား... တံတွေးတွေချည်းပဲ"

မုန့်မုန့် သူမ၏လက်ဖဝါးလေးကို ဆန့်ထုတ်ကာ ပါးပြင်ကို ညင်သာစွာ သုတ်လိုက်သည်။

အမှန်တော့ ၎င်းမှာ မုန့်မုန့်၏ချွေးများဖြစ်သည်။ ကျန်းဟန် နမ်းလိုက်သည့်အခါ မုန့်မုန့်၏ အရေပြားပေါ်သို့ စိမ့်ဝင်သွားပြီး သူမလေးအား ယားယံသွားစေသည်။

"မုန့်မုန့်က ဖေဖေ့ကို မချစ်တော့ဘူးဆိုတော့ ဖေဖေ အရမ်းဝမ်းနည်းတယ်"

ကျန်းဟန်သည် သူ၏နှုတ်ခမ်းများကို မဲ့လိုက်ပြီး ကြေကွဲနေသည့်အမူအရာ သရုပ်ဆောင်လိုက်သည်။

"ဟမ့် မကြိုက်တော့ဘူးလား။ မုန့်မုန့်က မချစ်တော့ဘူးလား"

၎င်းကို မြင်သည်နှင့် မုန့်မုန့်သည် သူမ၏ ချယ်ရီနှုတ်ခမ်းလေးကို အလျင်အမြင်ရွေ့လျားက ကျန်းဟန်၏ ပါးပြင်ပေါ်သို့ အကြိမ်အနည်းငယ်နမ်းလိုက်ပြီး ပြောလိုက်သည်။

"မွ မွ မွ မုန့်မုန့်က ဘယ်တော့မှာ ဖေဖေ့ကို မချစ်ပဲမနေဘူး"

"ဟားဟားဟား..."

ကျန်းဟန် လှိုက်လှိုက်လှဲလှဲရယ်မောလိုက်သည်။ မင်းသမီးလေးရှိစဉ်ကတည်းက သူ၏ ဘဝသည် အဆုံးမဲ့မှောင်မိုက်နေသည့် ညတွင် နေတစ်စင်း ချိတ်ဆွဲထားသလိုပင် ကမ္ဘာကြီးတစ်ခုလုံး တောက်ပလင်းလက်စွာ ထိန်ထိန်လင်းနေပုံရသည်။

မှောင်မိုက်သောညသည် ကျန်းဟန်၏ နှစ်ပေါင်း ၅၀၀ အထီးကျန်မှု၊ အဓိပ္ပာယ်မဲ့မှုနှင့် အခြားအဆိုးမြင်စိတ်များဖြစ်ပြီး မုန့်မုန့်သည် သူ၏ နှလုံးသားကို နူးညံ့စေသည့် တောက်ပသော နေရောင်ခြည်ဖြစ်သည်။

မိနစ် ၂၀ ကားမောင်းပြီးနောက် လခြမ်းပင်လယ်ကွေ့ရှိ ဘွန်ဘားနား အမည်ရှိ အနောက်တိုင်းစားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အပြင်အဆင်များက လှပပြီး စားပွဲထိုးများသည်လည်း အရပ်ရှည်ရှည် သေးသေးသွယ်သွယ်ဖြင့် နိုင်ငံခြားသူလေးများဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now