The very First Moment

9.7K 575 3
                                    

Fated Love

Part-(1)

တိတ်ဆိတ်နေတဲ့ ဆေးရုံအခန်းလေးတစ်ခန်း အားလုံးက တိတ်ဆိတ်နေပြီး နာရီကတစ်စက္ကန့်တစ်ခါပြောင်း သွားတဲ့ လက်တံလေးတွေရဲ့အသံတောင် ကြားနေရတယ်။

သိပ်မကြာပါဘူး။ဒီအခန်းထဲမှာခုတော့ နောက်အသံတစ်ခုကထပ်ပြီးလွှမ်းမိုးသွားပြီ။ ခုဏ ကရှင်းရှင်းလင်းလင်းကြားရတဲ့ နာရီသံတောင်ခုလုံးဝ ဆိုလုံးဝမကြားရတော့တာ။အဲ့အသံကတော့ ECG ကအသံပေါ့။ECG က လမ်းကြောင်းလေးက လုံးဝ ကိုတစ်တန်းဖြစ်သွားပြီ။ ခုတင်ပေါ်က ကောင်မလေး လက်ကို ဆုတ်ကိုင်ထားတဲ့ကောင်လေးကတော့ အဲ့အသံကိုမော့ကြည့်ရင်း မျက်လုံးအိမ်ထဲက မျက်ရည်လေး ငိုသံရှိုက်သံတောင်မကြားရတော့ဘဲ ပုလဲလုံးလေးတွေလိုကြည်လင်ပြီး ဖြူစင်လှတဲ့ မျက်ရည်စက်လေးတွေကကြမ်းပြင်ပေါ်သို့ တစ်စက်ပြီး တစ်စက်...

နောက်ထပ်ဆေးရုံခန်းလေးထဲလည်း ခုန အခန်းလေးထဲက အတိုင်းပါဘဲ။ ECG စက်ကနေ  ^တီ...တီ...^ မျဉ်ကြောင်းလေးတစ်တန်းထဲ ထက်ဖြစ်သွားပြန်ပြီ။ဒါပေမယ့် ခုနအခန်းလေးနဲ့ မတူတာတစ်ခုက

^Dr....Dr... ကျွန်မသမီးလေးကိုကယ်ပေးပါ။ကျွန်မ သမီးလေးကိုကယ်ပေးပါ။^မျက်နှာပေါ်မှာစီးကျနေတဲ့ မျက်ရည်လေးတွေနဲ့အတူ ဒီအသံပိုင်ရှင်ကတော့ Baekkie ဆိုတဲ့ ကောင်မလေးရဲ့ မာတာမိခင် Mrs.Baek ရဲ့အသံပေါ့။ ဒီအခန်းရဲ့ ခုတင်ပေါ်မှာ 1နှစ်ကျော်နီးပါးလဲလှောင်းပြီးလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အသက် 16နှစ် အရွယ် Baekkie လေး။လောကကြီးမှာနေလို့တောင် မဝသေးတဲ့အရွယ်၊သူ့ဘေးနားရောက်လာတာ အနှစ် 20 တောင်မပြည့်သေးတဲ့ သူ့သမီးလေးကို Mrs.Baek ဘယ်လိုမှလက်လွှတ်အဆုံးရှုံးမခံနိုင်ဘူး။

ဆရာဝန်တွေအားလုံးနီးပါး အနည်းငယ် စက်ကိရိယာ မျိုးစုံနဲ့ Baekkie အသက်ပြန်ရှုအောင် မနည်းလုပ် လိုက်ရတယ်။ ECG ပေါ်ကမျဉ်းလေးအထက် အောက် ပြန်ဖြစ်လာတော့မှ ဆရာဝန်တွေအားလုံး ပြန်ပြီးသက်ပြင်းချလိုက်တယ်။ ပြီးတော့ Mrs. Baek နားသွားပြီး ^ဒီလိုစကားမျိုးပြောရမှာစိတ်မကောင်းပေ မယ့် ဒီလက်တလောမှအလှူရှင်မပေါ်လာဘူးဆိုရင် နောက်ဆုံးအခြေအနေကိုရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင် ထားရတော့မယ်။ စိတ်မကောင်းပါဘူး။^

Fated LoveWhere stories live. Discover now